မိုင်းတုံ

September 1, 2018

မိုင်းတုံတွင် ဇနီးနှင့် ၁၁ လသားကို သတ်ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ

မိုင်းတုံမြို့နယ်​ ပါခတ်ရွာမှာ ခင်​ပွန်းဖြစ်​သူက ဇနီးနဲ့ ၁၁ လအရွယ်​ သားငယ်​ကိုသတ်​​ပြီး ကိုယ်​ကိုယ်ကိုယ် သေကြောင်းကြံမှု ဖြစ်ပွားခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ရှမ်းပြည်​နယ်​အ​ရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊​ လွယ်​ခမ်းလုံ​ကျေးရွာအုပ်​စု ပါခတ်​ရွာမှာ သြဂုတ် ၃၁ ရက်နေ့ ည ၆ နာရီလောက်က ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ ဖြစ်​စဉ်​မှာ ခင်​ပွန်းဖြစ်​သူ ကျသိန်းဟာ တောင်​ယာကနေ ည​နေ ၅ နာရီခွဲလောက် ပြန်လည်​​ရောက်​ရှိလာပြီးနောက် ဇနီးဖြစ်​သူ မနာ​အောတိနဲ့ စကားများစိတ်​ဆိုးပြီး ဇနီးနဲ့ ၁၁ လအရွယ်​ သားငယ်​တို့အား ဓားနဲ့ ခုတ်​သတ်​ခဲ့တာလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦး​ကျော်​ဇင်​လတ်​က​ ပြောပါတယ်။ "ကျနော်​တို့ သတင်းရရချင်း သွား​ရောက်​တဲ့အချိန်​မှာ မိသားစုသုံး​ယောက်​လုံး အိပ်​ရာထဲမှာ ​စောင်ခြုံထားတယ်။ ​စောင်​ကလှုပ်​​နေတာနဲ့ ဆွဲလှန်​ကြည့်တော့ ကျသိန်းက အသက်​ရှင်​​နေ​သေးပြီး ငါ​ဆေးမသုံးဘူး၊ အရက်​လည်းမ​သောက်​ထားဘူး၊ စိတ်​ဆိုးလို့သတ်​ပစ်​လိုက်တာ။ ငါ့ကိုဖမ်းဆိုပြီး လက်​နှစ်​ဖက်​ထိုး​ပေးခဲ့တာ။" မိုင်းတုံ မြို့မရဲစခန်းမှ​ ခေတ္တစခန်းမှူး ရဲအုပ်​​ဇော်​နိုင်​က "ဇနီးနဲ့သားငယ်​​လေးက လည်​ပင်းပြတ်​​နေတာ အ​ရေပြားပဲကျန်​တယ်​။ သူကိုယ်​တိုင်​လည်း လည်​ပင်းမှာ​လေးလက်​မခန့်​ ပြတ်​ရှဒဏ်​ရာတချက်​နဲ့ ဝမ်းဗိုက်​မှာ ငါးလက်​မလောက် ထိုးခွဲထားပြီး အူ​တွေလည်းထွက်​​နေတယ်​။ အသက်​ရှူနေပြီး စကားလည်း ​ပြော​နေ​သေးလို့​ ဆေးရုံကို အချိန်​မီပို့​ပေးခဲ့တာပါ" လို့ ပြောပါတယ်။ ကျသိန်းအား မိုင်းတုံမြို့မရဲစခန်းမှ ရာဇသတ်​ကြီးပုဒ်​မ ၃၀၂/၃၀၉ တို့နဲ့ အမှုဖွင့်အ​ရေးယူ​​​ထားတယ်လို့ သိရပါတယ်။ ​အောင်​​ဇေယျ(မိုင်းတုံ)
3 years Ago
Up