မိုင်းဖြတ်တွင် ခရီးသည်ယာဉ် ချောက်ထဲထိုးကျ၊

April 18, 2017

မိုင်းဖြတ်တွင် ခရီးသည်ယာဉ် ချောက်ထဲထိုးကျ၊ အမျိုးသမီး ၁ ဦး သေဆုံး

ရှမ်းပြည်နယ် မိုင်းဖြတ်မြို့နယ်မှာ ဧပြီ ၁၇ ရက် ည ၈ နာရီလောက်က  ခရီးသည် ၄ ဦး တင်ဆောင်လာတဲ့ ယာဉ် ၁ စီး အရှိန်လွန်ပြီး ချောက်ထဲ ထိုးကျတိမ်းမှောက်သွားလို့ လိုက်ပါလာတဲ့ ခရီးသည် အမျိုးသမီး ၁ ဦး သေဆုံးသွားပါတယ်။ ယာဉ်မောင်း စိုင်းဆိုင်ခမ်း မောင်းနှင်လာတဲ့ စူပါကာစတန်အမျိုးအစား လွိုင်နမ့်ခုန်းယာဉ်ဟာ တာချီလိတ်ဘက်မှ ကျိုင်းတုံဘက်သို့အသွား ဆိုင်းလေကျေးရွာနဲ့  ဆွပ်ပလောင်းကျေးရွာကြားရှိ မိုင်တိုင်အမှတ် (၇၀၁/၇၀၂)အရောက်မှာ  ပေ ၅၀ လောက်ရှိတဲ့ ချောက်ထဲကို အရှိန်မထိန်းနိင်ဘဲ ထိုးကျတိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။ အခင်းဖြစ်ပွားရာနေရာကို စစ်တပ်၊ ရဲ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့  လူမှုကူညီရေး အသင်းအဖွဲ့တွေက လာရောက်  ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့ရပြီး  ယာဉ်မတော်မဆဖြစ်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် ကျား ၃ ဦး၊ မ ၁ ဦးအနက်မှာ  ဒေါ်နန်းဆာ (၅၇-နှစ်) ဟာ အခင်းဖြစ်ပွားရာမှာ သေဆုံးခဲ့ပါတယ်။ အဆိုပါယာဉ်တိမ်းမှောက်မှုနဲ့ပတ်သက်လို့ ယာဉ်မောင်း စိုင်းဆိုင်ခမ်းကို  မိုင်းဖြတ်မြို့မရဲစခန်းက  ရာဇသက်ကြီးပုဒ်မ - ၂၇၉/၃၃၇/၃၀၄ က အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်းဓာတ်ပုံ- အောင်လေး(မိုင်းဖြတ်)
4 years Ago
Up