မိုင်းဖုန်းဆရာတော်

January 19, 2019

မိုင်းဖုန်းဆရာတော်၏ ချင်းမိုင်တရားပွဲ လူဦးရေ သောင်းချီ တက်ရောက်ကြားနာ

လတ်တလော ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ ရှမ်းပြည်နယ် တာချီလိတ်ခရိုင် လွယ်လိန်းေ ကျာင်းတိုက်က ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာ ကမ္မဌာနာစရိယ ဘဒ္ဒတ ဥာဏသံဝရ ( မိုင်းဖုန်း  ဆရာတော် ) ဟာ ခုရက်ပိုင်းအတွင်း တရားဆက်တိုက်ဟောကြားနေပြီး ချင်းမိုင်တရားပွဲမှာတော့ လူသောင်းချီ တက်ရောက်ကြားနာခဲ့ပါတယ်။ ဆရာတော်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၆ ရက်နေ့က ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် အမှတ် ၇ စစ်တိုင်းဌာနချုပ်မှာ  ၃ နာရီလောက်ကြာ တရားဟောကြားပြီး ဇန်န၀ါရီ ၁၇ ရက်နေ့မှာ ဘန်ကောက် ၀ိဖာဝဒီရန်းဆစ်နယ်မြေရှိ ထိုင်းရဲတပ်ဖွဲ့ဝင်များ အသင်းတိုက်မှာလည်း ၃ နာရီကြာ ဟောကြားခဲ့ပါတယ်။ ဇန်န၀ါရီ ၁၈ ရက်နေ့ မွန်းလွဲပိုင်းမှာတော့ ဘန်ကောက် ဘန်ကပီနယ်မြေရှိ  နိုင်ငံတကာ အားကစားရုံကြီးမှာ တရားဟောကြားခဲ့ပါတယ်။ အဆိုပါ တရားပွဲတွေမှာ ဆရာတော်ဟာ နိဗ္ဗာန်ရောက်ကြောင်းတရားတော်ကို ထိုင်းဘာသာ နဲ့ အဓိကဟောကြားပြီး ယွန်းဘာသာ၊ ရှမ်းဘာသာ၊ မြန်မာဘာသာ၊ တရုတ်ဘာသာတွေနဲ့လည်း ထည့်သွင်းဟောကြားခဲ့ပါတယ်။ ဆရာတော်က တရားနာပရိသတ်တွေကို ကုသိုလ်ကြီး၍ ယခုဘ၀တွင် ဗုဒ္ဓသာ သနာနှင့် တွေ့ကြုံရတာဖြစ်ကြောင်း၊ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမတွေကို ကြားနာပြီးက ရင်ထဲထားကာ ဆင်းရဲဒုက္ခက လွတ်မြောက်ဖို့ မကောင်းမှုဒုစရိုက်တွေ ရှောင်ရှားပြီး မိမိစိတ်ကို စင်ကြယ်အောင်သန့်စင်ဖို့  ဖြည်းဖြည်းချင်းကြိုးစားသွားရင်၊ လုံ့လ၀ီရိယရှိရင်၊ သတိ၊ သမာဓိ၊ ပညာရှိရင် နိဗ္ဗာန်ဆိုတာမဝေးကြောင်း၊ လူမိုက်တွေဟာ လေးလံတဲ့အရာတွေကို သယ်ဆော င်တတ်ပြီး လူကောင်းတွေဟာ ပေါ့ပါးတဲ့ အရာကိုသာ သယ်ဆောင်ကြောင်း၊ တန်ဖိုးရှိသော ရတနာအစစ်ကိုရှာဖွေပြီး အတုကိုရှောင်ရှားစေလိုကြောင်း၊ လောကမှာ ရွှေငွေရတနာတု၊  မိတ်ဆွေတု၊ ဆရာတု၊ လင်တု ၊ မယားတုတွေလည်းပေါများပြီး အဲဒါတွေဟာ တန်ဖိုးမဲ့ကြောင်း၊ မိမိကိုယ်တိုင် မိဘကောင်း၊ ဆရာကောင်း၊ သားသမီးကောင်း၊ တပည့်ကောင်းတွေဖြစ်ေ အာင်ကြိုး စားဖို့ ဟောကြားပါတယ်။ ဘုရားရှိခိုးရာမှာ ၀တ်ကျေတန်းကျေရှိခိုးတာ ၊ ဖြစ်သလိုရှိခိုးတာတွေ မလုပ်ဘဲ စိတ်နှလုံး သွင်းကာ နက်ရှိုင်းစွာကြည်ညိုရှိခိုးဖို့ ၊ မိမိလိုလားချက်တွေကို မည်သူ့ဆီကမှ ဆုတောင်းပြီး ယူစ ရာမလိုဘဲ လူတိုင်းမှာ ကောင်းသောအရာတွေရှိပြီးသား  မှန်ကန်စွာအသုံးချပြီး ဆောင်ရွက်ယူ တတ်ဖို့ သာလိုအပ်ကြောင်း ဟောကြားပါတယ်။ ဆရာတော်ရဲ့ ချင်းမိုင်က တရားပွဲမှာ လူတွေ သောင်းနဲ့ချီ လာရောက်ကြားနာပြီး ဘန်ကောက် ရဲတပ်ဖွဲ့အသင်းရဲ့ ခန်းမကြီးမှာတော့ လူ ၁၅၀၀ သာဆန့်တဲ့အတွက် အပြင်ဘက်မှာ လူတွေတိုးကြိတ်နေတာကို တွေ့ရပါတယ်။ ဇန်န၀ါရီ ၁၈ ရက်နေ့ အားကစားရုံမှာ ပြုလုပ်တဲ့ တရားပွဲမှာလည်း ထောင်နဲ့ချီတဲ့ ပြည်သူတွေ လာရောက်တရားနာခဲ့ကြပါတယ်။ ဆရာတော်ဟာ ဇန်န၀ါရီလ ၁၉ ရက်မနက်မှာ ထိုင်းနိုင်ငံကနေ  ဘူလ်တန်နိုင်ငံကို ကြွချီသွားပြီး အဲဒီက ပြန်လာရင် ရှမ်းပြည်နယ် မိုင်းဆတ်ခရိုင်ရှိ မိုင်းကျက်ဂူကြီးထဲမှာ ၃ နှစ်၊ ၃ လ၊ ၃ ရက်ကြာ ဂူအောင်းတရားထိုင်မှာ ဖြစ်ပါတယ်။
2 years Ago

July 7, 2018

မိုင်းဖုန်းဆရာတော်ကြီး၏ ကျောင်းအပါဝင် နေရာ ၃ ခုကို အစိုးရ သွားလာခွင့်ပြု

ဂူအတွင်းပိတ်မိတဲ့ ထိုင်းလူငယ် ၁၃ ယောက် သတင်းကြောင့် ရွှေတြိဂံဒေသကို ခရီးသွားနှုန်းမြှင့်တက်လာနိုင်တဲ့အတွက် မြန်မာအစိုးရက မိုင်းဖုန်းဆရာတော်ဘုရားကြီးရဲ့ ကျောင်းအပါဝင် ခရီးသွားနေရာသစ် ၃ နေရာကို သွားလာခွင့်ပြုလိုက်ပါတယ်။ ထိုင်း မြန်မာနဲ့ လာအိုတို့ရဲ့ ရွှေတြိဂံဒေသအတွင်း မဲခေါင်မြစ်ကြောင်းအနီးတဝိုက်နဲ့ တာချီလိတ်မြို့နယ်ထဲက မိုင်းဖုန်းကျေးရွာ အုပ်စုဘက်ကို လုံခြုံရေး အကြောင်းပြချက်နဲ့ နိုင်ငံခြားသား ခရီးသွားတွေ အရင်က တရားဝင်သွားလာခွင့်မပြုခဲ့ပါဘူး။ ဒါပေမယ့် တာချီလိတ် တဖက်ကမ်း ထိုင်းနိုင်ငံက မယ်ဆိုင်မြို့နယ်ထဲမှာ လိုင်ဂူပိတ်မိနေတဲ့ သတင်းကြောင့် မိုင်းဖုန်းဆရာတော်ဆီ သွားလာခွင့်အတွက် အခု ရက်ပိုင်းအတွင်းမှာ ခရီးသွားလာခွင့်ပြုလိုက်တာပါ။ တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနကတော့ မိုင်းဖုန်းဆရာတော်ဘုရားကြီးရဲ့ ကျောင်းအပါဝင် နေရာသုံးခုကို ထိုင်းနိုင်ငံသားတွေ တရားဝင်ဝင်သွားလာခွင့်အတွက် ပြည်နယ်အစိုးရက ခွင့်ပြုခဲ့တာလို့ ပြောပါတယ်။ ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန  ဦးကျော်မော်ထွန်းက “ကိုယ်တို့နိုင်ငံထဲက နယ်မြေဒေသ လုံခြုံရေး အခြေအနေအရ ကန့်သတ်ချက်လေးတွေ ရှိခဲ့တာပေါ့။ နယ်မြေက တဖြည်းဖြည်း အေးချမ်းတည်ငြိမ်လာတာ ဖြစ်တဲ့အတွက် သွားလာခွင့်ပြုတဲ့ နယ်မြေနဲ့ပတ်သက်ပြီးတော့ ဖြေလျော့ပြီးတော့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ခွင့်ပြုပေးတဲ့အတွက် အစ်ကိုတို့အနေနဲ့ အကောင်းဘက်ကပဲ မြင်ပါတယ်။ ကောင်းလည်းကောင်းပါတယ်။ အရင်တုန်းကတော့ မိုင်းဖုန်းဆရာတော် ကျောင်းဆိုရင် သွားလို့ မရဘူးပေါ့။ ဝှေ့လျန်ဆိုရင် နိုင်ငံခြားသားကို ပြန်လှည့်ခိုင်းရတာပေါ့။ ဟိုဘက်ကို ပေးမသွားတော့ဘူး။ ဒါကတော့ အရင်တုန်းက လုံခြုံရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ပေါ့။ ခုချိန်မှာတော့ အေးချမ်းနေပြီဖြစ်တဲ့အတွက် ဒီလိုခွင့်ပြုပေးတဲ့အတွက် ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးအတွက်ကောင်းသလို နိုင်ငံအတွက်လည်း ဝင်ငွေပိုရတာပေါ့။ ဟိုတနေ့ကတော့ ညွန်ကြားချက်ဝင်လာတာရှိတယ်။ သူတို့တောင်းတဲ့ ၆ ခုထဲက ၃ ခုတော့ ခွင့်ပြုတယ်။ ဘယ်ဟာတွေ ခွင့်ပြုလဲဆိုတော့ တာချီလိတ် ရွှေကြိဂံ၊ ဝမ်ပုန်ဆိပ်ကမ်း၊ မိုင်းဖုန်း ဆရာတော်ကျောင်း ဒါတွေကို ခွင့်ပြုလာတာရှိတယ်။ ကျန်တာတွေကတော့ ခွင့်ပြုတဲ့ထဲမှာ မပါဘူးပေါ့။” လို့ ပြောပါတယ်။ ထိုင်းလူငယ် ဘောလုံးသမားတွေဟာ ထမ်းလုံကျောက်လိုဏ်ဂူအတွင်း ဝင်ရောက်ပြီး  ပြန်မထွက်နိုင်သေးတဲ့ သတင်းကို တကမ္ဘာလုံးက စိတ်ဝင်စားတာဖြစ်လို့ မယ်ဆိုင်မြို့ကို လာရောက် လည်ပတ်သူတွေနဲ့ စည်ကားနေပါတယ်။ ဒါကြောင့် မယ်ဆိုင်မြို့မှာ ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ အခန်းရရှိဖို့ အခက်အခဲတွေလည်း ရှိနေတယ်လို့ အဲဒီမှာ သွားရောက်သတင်းယူတဲ့ ဧရာဝတီသတင်းဌာန၊ သတင်းထောက်ချုပ် ကိုကျော်ခက ပြောပါတယ်။ “အထူးသဖြင့်တော့ ဒီဂူနဲ့ ပတ်သက်ပြီးတော့ လာကြတဲ့သူတွေပဲ တွေ့ရတယ်။ ဒီကို ညဘက်ကြီး ရောက်ရောက်ချင်းမှာ ကျနော်တို့ ဒီနေရာနဲ့ အနီးစပ်ဆုံး ဟိုတယ်တို့၊ တည်းခိုခန်းတို့ လိုက်ငှားတယ်။ တော်တော်များများက ပြည့်နေတယ်။ ဈေးတွေတင်ထားတာတောင်မှ ပြည့်နေတဲ့ အနေအထားတွေပေါ့၊ ဟိုတယ်တွေရှေ့မှာ ရပ်ထားတဲ့ကားတွေကို ကြည့်လိုက်တော့ ဒီဂူကိုလာတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ၊ တခြားရေတပ်ကအဖွဲ့တွေ၊ မီဒီယာတွေနဲ့ ပြည့်နေတယ်။ အဓိကကတော့ ကလေး ၁၃ ယောက်နဲ့ ပတ်သက်ပြီး ဒီဂူကို လာတဲ့လူတွေ များပြီးတော့ ပြည့်တာ ဒီသဘောပဲ။ အနီးတဝိုက်က ရွာတွေကို နိုင်ငံခြားသားတွေလည်း သွားနေကြတယ်။ လူမျိုးပေါင်းစုံ စိတ်ဝင်တစားနဲ့ မီဒီယာတွေအကုန်လုံးက ဖြန့်ကြက်ပြီးသွားတယ်၊ ရိုက်တယ်၊ ကမ္ဘာကျော် ဖြစ်စဉ်တခုဖြစ်သွားတော့ ဒီနေရာကို လူတွေပိုပြီးတော့ အာရုံစိုက်စေမယ်။ အစောပိုင်းတုန်းက ဒီမှာ ခရီးသွားတွေ ကျသွားတဲ့ အခြေအနေရှိတယ်။ ဒီအခြေအနေကြောင့် ပြန်တက်လာနိုင်တယ်လို့တော့ သုံးသပ်မိတယ်” လို့ ပြောပါတယ်။ မိုးရာသီကာလဟာ ရွှေတြိဂံဒေသကို နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ လာရောက်မှုနည်း ပါးလေ့ရှိပါတယ်။ တလမှာ  ပျမ်းမျှလူဦးရေ ၁၅ဝဝ လောက်သာ ဝင်ရောက်မှုရှိပြီး နွေရာသီကာလမှာတော့ တလကို လူဦးရေ ၈ဝဝဝ ကျော်ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနရဲ့ စာရင်းဇယားတွေ အရ သိရပါတယ်။
3 years Ago
Up