မိုင်းနင်းမိပြီးဒဏ်ရာရ

September 15, 2017

မိုးကောင်းမြို့နယ်တွင် ဒေသခံအမျိုးသမီးတဦး မျှစ်ချိုးသွားရာက မိုင်းနင်းမိပြီးဒဏ်ရာရ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ မြို့သစ်ကြီးရွာက ဒေသခံအမျိုးသမီးတဦး စက်တင်ဘာ ၁၅ ရက်နေ့မနက် ၈ နာရီလောက်က  တောထဲ မျှစ်ချိုးသွားရာက မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက် ခြေမျက်စိအောက်ပြတ်သွားပါတယ်။ လူနာရှင်ရဲ့အမျိုးသားဖြစ်သူ ကိုထွန်းထွန်းဝင်းက“နှစ်တိုင်းသွားပြီးမျှစ်သွားချိုးတယ်။ နမ္မတီးမြို့သစ်ကြီးရွာနား နန့်ခမ်းချောင်းနားက ဝါးရုံးမှာသွားချိုးတာပါ။ ကျတော်နဲ့ နှစ်လံလောက်အကွာမှာဖြစ်သွားတာ”လို့ ပြောပါတယ်။ အဆိုပါမိုင်းထိတဲ့လူနာကို နမ္မတီးဆေးရုံးကနေလွှဲပြောင်းပြီး မြစ်ကြီးနား အထွေထွေဆေးရုံကြီးကို  ပို့ဆောင်ဆေးကုသမှုပေးနေပါတယ်။
4 years Ago
Up