မိုဂါဒစ်ရှူး

A d v e r t i s e m e n t With Us

January 9, 2020

ဆိုမာလီနိုင်ငံတွင် ဗုံးပေါက်မှုကြောင့် ၃ ဦးသေဆုံး

ဆိုမာလီနိုင်ငံရဲ့မြို့တော် မိုဂါဒစ်ရှူးက လူထူတဲ့ လမ်းဆုံမှာ ဇန်နဝါရီ ၈ ရက်က ဗုံးတလုံး ပေါက်ကွဲလို့ လူ ၃ ယောက် သေဆုံးပြီး ၁၁ ယောက်ထက် မနည်း ဒဏ်ရာရတယ်လို့ မြို့တော်ဝန်ရဲ့ ပြောခွင့်ရက ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။  ဒီလုပ်ရပ်ကို သူတို့လုပ်တာလို့ အစ္စလာမ္မစ်စစ်သွေးကြွအုပ်စု အယ်လ်ရှာဘတ်က ပြောပါတယ်။  ဆေးဘက်နဲ့ လုံခြုံရေးအရာရှိတွေ ပေါက်ကွဲမှု ဖြစ်တဲ့နေရာကို ရောက်လာခဲ့ပါတယ်။  ဗုံးဟာ နန်းတော်၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ လွှတ်တော်တို့ နားက ဆာယစ်ကာ လမ်းဆုံမှာ ရှိတဲ့ လုံခြုံရေးစစ်ဆေးတဲ့စခန်းမှာ ပေါက်ကွဲခဲ့တာပါ။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဆိုမာလီနဲ့ ကင်ညာနိုင်ငံတွေထဲမှာ အယ်ကိုင်းဒါးတွေနဲ့ မဟာမိတ် အယ်လ်ရှာဘတ်တွေက ကျန်ခဲ့တဲ့ သီတင်းပတ် ၂ ပတ်အတွင်း လှုပ်ရှားမှု တိုးလာခဲ့အပြီး ခုလို တိုက်ခိုက်ခဲ့တာပါ။ အစိုးရဟာ မိုဂါဒစ်ရှူးအား အပြည့်အဝလုံခြုံမှု မပေးနိုင်ဘူးဆိုတာ ဒီတိုက်ခိုက်မှုက ပြနေတယ်လို့ အယ်လ်ရှာဘတ်တွေက ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ အရင်အပတ်ကလည်း အယ်လ်ရှာဘတ်စစ်သွေးကြွတွေက ဗုံးခွဲတိုက်ခိုက်လို့ မိုဂါဒစ်ရှူး မြို့တော်မှာ လူ အယောက် ၉၀ ထက်မနည်း သေဆုံးခဲ့ပါသေးတယ်။ 
1 year Ago
Up