မိုက်ဖီလန်

October 5, 2021

လက်ထောက်နည်းပြ မိုက်ဖီလန်ကို ၂၀၂၄ ခုနှစ်အထိ မန်ယူအသင်း သက်တမ်းတိုး

မန်ယူအသင်းဟာ လက်ထောက်နည်းပြ မိုက်ဖီလန်ကို ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းတိုး လိုက်တယ်လို့ သိရပါတယ်။ 

ဒေးလီးမေးလ်ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်တက်အသင်းဟာ ဝေဖန်ခံနေရတဲ့ နည်းပြဆိုးလ်ရှားရဲ့ လက်ထောက် နည်းပြမိုက်ဖီလန်ကို ၃ နှစ်သက်တမ်းတိုးခဲ့ပြီး ဆိုးလ်ရှားကို ရေရှည်အထိ တာဝန်ပေးမယ့်သဘော သက်ရောက်စေခဲ့ပါတယ်။

မိုက်ဖီလန်ဟာ ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ သက်တမ်းတိုးပေးခဲ့တာလို့ သိရပါတယ်။ 

အသက် ၅၉ နှစ်ရှိ နည်းပြ မိုက်ဖီလန်ဟာ ဆာအဲလက်စ်ဖာဂူဆန် ရှိစဉ်ကတည်းက လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး ဒေးဗစ်မိုယက်စ် တာဝန်ယူချိန်မှာ အသင်းနဲ့ လမ်းခွဲခဲ့ပါတယ်။ 

အဲဒီနောက် ၂၀၁၈ ခုနှစ်မှာ နည်းပြဆိုးလ်ရှားကို ခေါ်ယူခဲ့စဉ်က မိုက်ဖီလန်ကိုလည်း ပြန်ခေါ်ခဲ့တာဖြစ်ပါတယ်။

2 weeks Ago
Up