မိုက်ပွန်ပေယို

A d v e r t i s e m e n t With Us

April 30, 2020

ကင်ဂျုံအန်း၏ကျန်းမာရေးစောင့်ကြည့်ဆဲဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ကျန်းမာရေးကို စောင့်ကြည့်နေဆဲဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် မြောက်ကိုရီးယားမှာ အငတ်ဘေးဆိုက်ရောက်နိုင်တဲ့ အန္တရာယ် အမှန်တကယ်ရှိနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုက ပြောလိုက်ပါတယ် ။  ပွန်ပေယိုက သတင်းထောက်တွေမေးတာကို ဖြေကြားရာမှာ ကင်ရဲ့ လက်ရှိသတင်းကို မရသေးဘဲ  အနီးကပ်စောင့်ကြည့်နေတယ်လို့သာ ဖြေကြားပါတယ်။  ဒါ့အပြင် သူက တရုတ်ပြည်နဲ့ကပ်နေတဲ့ မြောက်ကိုရီးယားနိုင်ငံထဲမှာ စားနပ်ရိက္ခာ ပြတ်လပ်နေပြီး  တကယ်အငတ်  ဘေးဖြစ်နေနိုင်ကြောင်းလည်း ပြောပါတယ်။  ဒီရက်ပိုင်းအတွင်းမှာ အမေရိကန်နဲ့ တောင်ကိုရီးယားအာဏာပိုင် တွေကတော့ ကင်ဟာ ကမ်းခြေမြို့တခုဖြစ်တဲ့ ဝုန်ဆမ်းမှာ ရှိနေနိုင်တယ်လို့ ထုတ်ပြောထားပေမဲ့ အတည်မပြု နိုင်သေးဘူးလို့ ရိုက်တာသတင်းက ရေးပါတယ်။   
10 months Ago
Up