မိုက်ဂေါ်ဒွန်

A d v e r t i s e m e n t With Us

December 12, 2019

လီဗာပူးအသင်း ပူးတွဲပိုင်ရှင် စီးနင်းလာသည့်လေယာဉ် ပြေးလမ်းချော်

ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးအသင်းရဲ့ ပူးတွဲပိုင်ရှင် မိုက်ဂေါ်ဒွန်  လိုက်ပါစီးနင်းလာတဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ဟာ လီဗာပူးမြို့ရဲ့ ဂျွန်လင်နွန်လေဆိပ်မှာ ပြေးလမ်းချော်မှုဖြစ်ပွားခဲ့တယ်လို့ BBC သတင်းမှာဖော်ပြပါတယ်။  ဒီဖြစ်ရပ်ဟာ ဒီဇင်ဘာ ၁၁ ရက်နေ့ ဒေသစံတော်ချိန် ၆ နာရီ လေယာဉ်ဆင်းသက်ချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လီဗာပူးအသင်းပိုင်ရှင်နဲ့အတူ လူ ၄ ယောက် လေယာဉ်ပေါ်မှာ  ရှိနေတယ်လို့ သိရပါတယ်။  လမ်းချော်မှုကြောင့် ထိခိုက်မှု တစုံတရာမရှိခဲ့ဘူးလို့ လေယာဉ်အာဏာပိုင်တွေက ပြောပါတယ်။  ဂေါ်ဒွန်ဟာ လီဗာပူးအသင်းကိုပိုင်ဆိုင်ထားတဲ့ Fenway Sport Group ရဲ့ ဥက္ကဋ္ဌဖြစ်ပြီး အသင်းမှာ ပုံမှန်ပြုလုပ်နေကြ အစည်းအဝေး တက်ရောက်ဖို့အတွက် မန်ဆာချူးဆက်ကနေ လီဗာပူးမြို့ကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။ လမ်းချော်မှုဖြစ်ပွားခဲ့တဲ့ လေယာဉ်ပေါ်မှာ ဂေါ်ဒွန်ပါဝင်တယ်လို့လည်း လီဗာပူးအသင်းရဲ့ သတင်းရင်းမြစ်တခု အတည်ပြုပေးပါတယ်။  “သူထိခိုက်ဒဏ်ရာရတာမျိုး မရှိပါဘူး။ ဒီဖြစ်ရပ်ဖြစ်ပွားချိန်မှာ စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့တဲ့ လေဆိပ်ဝန်ထမ်းတွေနဲ့ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်” လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။  လမ်းချော်မှုဖြစ်ပွားခဲ့တာကြောင့် ဂျွန်လင်နွန်လေဆိပ်ကို ယာယီပိတ်ထားရပြီး ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှုပြုလုပ်နေပြီလို့ VistaJet လေကြောင်းလိုင်းရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။  ဒီဖြစ်ရပ်ကြောင့် ခရီးသည် ၉၀၀၀ ကျော်ဟာ ခရီးစဉ်ဖျက်သိမ်းရတာ၊ ကြန့်ကြာတာနဲ့ တခြားလေဆိပ်ကို လွှဲပြောင်းပေးတာတွေ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။
1 year Ago
Up