မိုက်ခ် ပွန်ပေအို

A d v e r t i s e m e n t With Us

May 28, 2020

ဟောင်ကောင်ကို အမေရိကန်ဥပဒေအောက် အထူးဆက်ဆံရေးမျိုး ဆက်မပေးဟုဆို

ဟောင်ကောင်ကို ၁၉၉၇ မတိုင်ခင်က ပေးခဲ့တဲ့ အမေရိကန် ဥပဒေလက်အောက် အထူး ဆက်ဆံရေးမျိုး ဆက်ပေးထားဖို့ ကျိုးကြောင်း ခိုင်လုံမှု မရှိတော့ဘူးလို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ခ် ပွန်ပေအိုက အမေရိကန်အောက်လွှတ်တော်ကို မေလ ၂၇ရက်မှာ ပြောလိုက်ပါတယ်။  ဒါဟာ ကမ္ဘာ့ဘဏ္ဍာရေး အချက်အခြာ ဟောင်ကောင်ရဲ့ အဆင့်အတန်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာနိုင်တာပါ။  တရုတ်ပြည်မကြီးအစိုးရက ဟောင်ကောင်အတွက် နိုင်ငံတော်လုံခြုံရေး ဥပဒေသစ်ကို ပြဋ္ဌာန်းဖို့ စီစဉ်နေကြောင်း ကြေညာအပြီး ဟောင်ကောင်သားတွေ ဆန္ဒပြခဲ့လို့ ရဲက မျက်ရည်ယိုဓာတ်ငွေ့တွေ ရေအမြောက်တွေနဲ့ နှိမ်နင်းခဲ့ပါတယ်။  အဲဒီနောက်မှာ ပွန်ပေအိုက လွှတ်တော်ကို တရားဝင် ထောက်ခံချက် ပေးခဲ့ပါတယ်။ လက်ရှိ ဟောင်ကောင်က ရရှိခံစားနေရတဲ့ အမေရိကန်စီးပွားရေး အခွင့်ထူးခံခွင့် အချက်အလက် အားလုံးကို အဆုံးသတ်မလား၊ အဆုံး မသတ်ဘူးလား ဆိုတာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဆုံးဖြတ်တော့မှာပါ။ ပွန်ပေအိုကတော့ ဘယ်လို အရေးယူသင့်တယ်ဆိုတဲ့ ထောက်ခံချက်ကို သူ့ ကြေညာချက်ထဲ မှာ မထည့်ပြောခဲ့ပါဘူး။  ဒါပေမယ့် ဒီအရေးနဲ့ နီးစပ်သူတွေကတော့ ထရမ့်အစိုးရဟာ တရုတ်ရဲ့ အစီအစဉ်ကို တုံ့ပြန်ဖို့ ဟောင်ကောင်ကနေ အမေရိကန်ဆီကို တင်ပို့တဲ့ကုန်စည်တွေအတွက် အထူးခံစားခွင့် အခွန်နှုန်းတွေကို ရပ်ဆိုင်းဖို့ စဉ်းစားနေတယ်လို့ ပြောပါတယ်။  
9 months Ago
Up