မိုက်ကယ်ဘီဂျော်ဒန်

A d v e r t i s e m e n t With Us

November 20, 2020

တနှစ်တာ Sexy အဖြစ်ဆုံး အမျိုးသားအဖြစ် ဟောလိဝုဒ်စတား မိုက်ကယ်ဘီဂျော်ဒန် ရွေးချယ်ခံရ (ရုပ်သံ)

နာမည်ကြီး မဂ္ဂဇင်းတစောင်ဖြစ်တဲ့ People မဂ္ဂဇင်းက ရွေးချယ်တဲ့ ၂၀၂၀ ပြည့်နှစ်အတွက် သက်ရှိထင်ရှား Sexy အဖြစ်ဆုံး အမျိုးသားအဖြစ် ဟောလိဝုဒ်စတား သရုပ်ဆောင်မင်းသား မိုက်ကယ်ဘီဂျော်ဒန်ကို ရွေးချယ်ခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ သရုပ်ဆောင်မင်းသား မိုက်ကယ်ဘီဂျော်ဒန်ဟာ ဟောလိဝုဒ်ရဲ့ တကိုယ်တော်လူပျိုစာရင်းမှာပါဝင်နေဆဲဖြစ်ပြီး ဒါရိုက်တာ ရိုင်ယန် ကူးဂလာရိုက်ကူးခဲ့တဲ့ Fruitvale Station(2013)၊ Creed (2015)၊ Black Panther (2018) ရုပ်ရှင်ကားတွေနဲ့ ထင်ရှားပါတယ်။ လတ်တလောမှာတော့ ABC ရုပ်သံလိုင်းကနေ တင်ဆက်တဲ့ "Jimmy Kimmel Live!” အစီအစဉ်မှာ ဒီဆုကို ကြေညာပေးခဲ့တာဖြစ်ပြီး မိုက်ကယ်ဘီဂျော်ဒန်က “အရမ်းမိုက်တယ်။ ခင်ဗျားသိတဲ့အတိုင်း အားလုံးက “မိုက်ခ် မင်းအနေနဲ့ ဒါက ဖြစ်လာမှာမဟုတ်တဲ့ အရာတခုပဲ။ ခုလိုအစိတ်အပိုင်းတခုအနေနဲ့ ပါဝင်လာခဲ့တာ ကောင်းပါတယ်”လို့ ပြောပါတယ်။ ကလေးသရုပ်ဆောင်တယောက်အနေနဲ့ ဟောလိဝုဒ်ဆီ ခြေချနိုင်ခဲ့တဲ့ မိုက်ကယ် ဘီဂျော်ဒန်ဟာ တိုင်းမဂ္ဂဇင်းက ရွေးချယ်တဲ့ ၂၀၂၀ ပြည့်နှစ်အတွက် ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းထဲမှာလည်း ဖော်ပြခံခဲ့ရပါတယ်။ People မဂ္ဂဇင်းဟာ တနှစ်တာအတွင်း ဆွဲဆောင်မှုအရှိဆုံး Sexy အဖြစ်ဆုံး အမျိုး သားအဖြစ် ထင်ရှားကျော်ကြားသူတွေ ဆယ်လီတွေထဲက ရွေးချယ်ဖော်ပြတာဖြစ်ပြီး မနှစ်က ၂၀၁၉ ခုနှစ်မှာတော့ နာမည်ကြီးအဆိုတော် ဂျွန်လဲဂျန့်က ရွေးချယ်ခံခဲ့ရတာ ဖြစ် ပါတယ်။ ဒီဆုကိုတော့ လွန်ခဲ့တဲ့ ၁၉၈၅ ခုနှစ်ကတည်းက နှစ်စဉ် ရွေးချယ်လာခဲ့တာဖြစ်ပြီး ပထမဆုံး ရွေးချယ်ဖော်ပြခံခဲ့ရသူကတော့ အမေရိကန်သရုပ်ဆောင်မင်းသားကြီး မဲလ် ဂစ်ဘ်ဆင်ဖြစ်ပြီး အဲဒီအချိန်မှာတော့ ၂၉ နှစ်အရွယ် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ တနှစ်တာ Sexy အဖြစ်ဆုံး အမျိုးသားအဖြစ် လူမည်းတွေထဲက ပထမဆုံးဖော်ပြ ခံခဲ့ရသူကတော့ အမေရိကန်လူမည်းသရုပ်ဆောင်မင်းသား ဒန်ဇဲလ်ဝါရှင်တန်ဖြစ်ပြီး ၁၉၉၆ ခုနှစ်၊ သူ့အသက် ၄၁ နှစ်အရွယ်မှာ ဖော်ပြခံခဲ့ရတာပါ။ နောက်ပိုင်းမှာတော့ ဒွိန်းဂျွန်ဆင်နဲ့ အစ်ဒရစ်စ်အယ်လ်ဘာတို့လို လူမည်းသရုပ် ဆောင်မင်းသားတွေလည်း ပါဝင်လာခဲ့ကာ အခုနှစ်မှာတော့ မိုက်ကယ်ဘီဂျော်ဒန်က ဖော် ပြခံခဲ့ရတာ ဖြစ်ပါတယ်။
2 months Ago

October 26, 2020

Creed III ရုပ်ရှင်ကို မိုက်ကယ်ဘီဂျော်ဒန် ရိုက်ကူးသရုပ်ဆောင်ဖွယ်ရှိ

ဟောလိဝုဒ်နောက်ဆက်တွဲရုပ်ရှင်ကားတကားဖြစ်တဲ့ Creed-III ကို သရုပ်ဆောင် မင်းသား မိုက်ကယ်ဘီဂျော်ဒန်က ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ပြီး ဒါရိုက်တာ အဖြစ်ပါ ရိုက်ကူးသွားဖို့ ဆွေးနွေးနေတယ်လို့ Deadline သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ Creed ရုပ်ရှင်တွေကတော့ အမေရိကန်လက်ဝှေ့အားကစား အခြေပြု Sports Drama အမျိုးအစားရုပ်ရှင်တွေဖြစ်ပြီး မိုက်ကယ်ဘီဂျော်ဒန်ဟာ ပြီးခဲ့တဲ့ Creed II ရုပ်ရှင် ကားထဲမှာလည်း ဝါရင့်သရုပ်ဆောင် မင်းသားကြီး ဆီဗက်စတာ စတားလုံးနဲ့အတူ ပါဝင် သရုပ်ဆောင်ထားခဲ့တာဖြစ်ပါတယ်။ Creed II ရုပ်ရှင်ကားဟာ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Creed ရုပ်ရှင်ရဲ့ နောက် ဆက်တွဲဖြစ်ကာ အမေရိကန် Sports Drama ရုပ်ရှင် Series Rocky Film Serires တွေရဲ့ ၈ ကားမြောက်အဖြစ် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။   ဒီကားထဲမှာတော့ ကြိုးဝိုင်းထဲမှာပဲ သေဆုံးသွားတဲ့ အမေရိကန် Boxing ချန်ပီယံ ဟောင်း Apollo Creed ရဲ့ သားဖြစ်တဲ့ Adonis Creed ဟာ သူ့ရဲ့အဖေကို အလဲထိုး အနိုင်ယူပြီး အသက်သေစေခဲ့တဲ့ ရုရှား Boxer Ivan Drago ရဲ့သား Victor Drago က ထိုး သတ်ဖို့ စိန်ခေါ်လာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာတွေကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်မှုတွေနဲ့အတူ ပရိသတ်တွေ အားပေးမှု ရရှိခဲ့တဲ့ ဇာတ်ကားတကား ဖြစ်ခဲ့ပါတယ်။ ဒီကားကိုတော့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Steven Caple Jr. က ရိုက်ကူး ပုံဖော်ပေးထားတာဖြစ်ပြီး နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီ Warner Bros. နဲ့ Annapurna Pictures တို့က တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၅၀ အကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင် ကားဟာ IMDb မှာတော့ Rating 7.7 ထိ ရရှိထားပြီး ဒီကားထဲက သရုပ်ဆောင်မှုတွေ အပေါ် ချီးကျူးမှုတွေလည်း ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ခုတခါမှာတော့ Box Office မှာ ဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော် ရရှိခဲ့ ပြီး အောင်မြင်မှုရရှိခဲ့တဲ့ Creed II ရဲ့ နောက်ဆက်တွဲ တတိယမြောက်ရုပ်ရှင်ကရော ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ ဖန်တီးမှုတွေနဲ့ ထွက်ပေါ်လာဦးမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။
3 months Ago
Up