မိုက်ကယ်ကာရစ်

November 23, 2021

မန်ယူ ရလဒ်ကောင်းရရန် ကိုယ်ပိုင်အိုင်ဒီယာ ရှင်းရှင်းလင်းလင်းရှိကြောင်း နည်းပြကာရစ်ပြော

မန်ချက်စတာယူနိုက်တက်အသင်း ရလဒ်ကောင်းဖို့အတွက် ဘယ်လိုကစားရမလဲဆိုတာ ကိုယ် ပိုင်အိုင်ဒီယာ ရှင်းရှင်းလင်းလင်း ရှိတယ်လို့ နည်းပြကာရစ်က ပြောပါတယ်။ 

ကာရစ်ဟာ နည်းပြ ဆိုးလ်ရှား ထွက်ခွာသွားပြီးနောက် ယာယီနည်းပြအနေနဲ့ ပွဲစဉ်တချို့ကို ကိုင်တွယ်ခွင့်ရတော့မှာဖြစ်ပါတယ်။ 

ကာရစ်ဟာ သူ့ရဲ့ ပထမဆုံးနည်းပြအဖြစ်တာဝန်ယူမယ့်ပွဲစဉ်အနေနဲ့ ဗီလာရီးရဲလ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ် ကစားသွားရမှာပါ။ 

နည်းပြဆိုးလ်ရှားရဲ့ ဘောလုံးဒဿနနဲ့ ဆင်တူမှုရှိတာကြောင့် ၃ နှစ်လောက်အတူ လက်တွဲလာခဲ့တာဖြစ်ပေမယ့်လည်း ကိုယ်ပိုင်ဘောလုံးဒဿနလည်းရှိကြောင်း ကာရစ်က ပြောပါတယ်။

“ကျနော် ကစားစေမယ့် အစီအစဉ်က ဘယ်လိုလဲဆိုတာ အများကြီးတော့ မပြောချင်ဘူး။ ဒါပေမဲ့ ကျနော်တို့ ဘယ်လို ကစားချင်သလဲဆိုတာနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်စိတ်ကူးရှင်းရှင်းလင်းလင်းရှိပါတယ်” လို့ နည်းပြ မိုက်ကယ်ကာရစ်က ပြောပါတယ်။ 

နည်းပြ ဆိုးလ်ရှားနဲ့ လမ်းခွဲခဲ့ရတဲ့အပေါ်မှာ စိတ်မကောင်းဖြစ်မိပေမယ့်  ကစားသမားတွေအနေနဲ့ကတော့ စိတ်ပိုင်းဆိုင်ရာကို ပြုပြင်ပြောင်းသွားဖို့ လိုအပ်တယ်လို့ ကာရစ်က မှတ်ချက်ပေးခဲ့ပါတယ်။

2 months Ago
Up