မိုက်ခ်ပွန်ပီယို

January 10, 2019

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကာ့ဒ်ခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုဟာ ဇန်နဝါရီ ၉ ရက်နေ့က အီရတ်နိုင်ငံ ကာ့ဒ်မျိုးနွယ်စုတွေရဲ့ မြို့တော် အီလ်ဘရီကို မကြေညာဘဲ သွားရောက်ခဲ့ပြီး ကာ့ဒ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းခရီးစဉ် ဒုတိယမြောက်နေ့မှာ ပွန်ပီယိုဟာ အဲဒီကို သွားရောက်ပြီး ရာထူးကနေ ဆင်းတော့မယ့် အီရတ်ကာဒစ်စတန်ဒေသ ဝန်ကြီးချုပ် နက်ချီဗန်ဘာဇာနီနဲ့ တွေ့ဆုံခဲ့ပါတယ်။ နက်ချီဗန်ဘာဇာနီဟာ ကာဒစ်စတန်ဒေသရဲ့ သမ္မတ ဖြစ်လာတော့မှာပါ။ အမေရိကန်နဲ့  အီရန်တို့အကြား တင်းမာမှု မြင့်တက်လာပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက အရှေ့အလယ်ပိုင်းဒေသကို လာရောက်တာဖြစ်ပါတယ်။ ပွန်ပီယိုရဲ့ အရှေ့အလယ်ပိုင်း ခရီးစဉ်မှာ ဂျော်ဒန်၊ အီဂျစ်၊ ဘာရိန်း၊ ကာတာ၊ ယူအေအီး၊ ဆော်ဒီ၊ ကူဝိတ်နဲ့ အိုမန်နိုင်ငံတို့ ပါဝင်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago

May 31, 2018

မြောက်ကိုရီးယား ထိပ်တန်းသံအဖွဲ့နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေးမည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယိုဟာ မြောက်ကိုရီးယား ထိပ်တန်းသံအဖွဲ့နဲ့ ဆွေးနွေးဖို့အတွက် မေလ ၃၀ ရက်နေ့က မြို့တော် ဝါရှင်တန်ဒီစီကနေ နယူးယောက်ကို ရောက်ရှိလာပါတယ်။ မြောက်ကိုရီးယား ထိပ်တန်းသံအဖွဲ့ကို ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီရဲ့ ဒုဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချုပ် ကင်မ်ယောင်ချူး ဦးဆောင်လာတာ ဖြစ်ပါတယ်။ ဒါဟာ ၁၈ နှစ်အတွင်း အမေရိကန်မြေပေါ်မှာ လာရောက်ဆွေးနွေးတဲ့ မြောက်ကိုရီးယားရဲ့ အဆင့်အမြင့်ဆုံး ထိပ်တန်းသံအဖွဲ့လည်း ဖြစ်ပါတယ်။ ဗိုလ်ချုပ် ကင်မ်ဟာ မြောက်ကိုရီးယား ထောက်လှမ်းရေးအရာရှိချုပ်ဟောင်းဖြစ်ပြီး ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အယုံကြည်ရဆုံး အကြံပေးတဦးလည်း ဖြစ်ပါတယ်။ သူဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုနဲ့ နယူးယောက်မှာ တွေ့ဆုံပြီး သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ရဲ့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲအတွက် အကြိုညှိနှိုင်းမှာဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago
Up