မိုက်ကယ်ကျော်မြင့်

A d v e r t i s e m e n t With Us

July 26, 2019

မိုက်ကယ်ကျော်မြင့်နှင့် ဦးသီဟမျိုးနိုင်တို့ကို ရုံးထုတ်စစ်ဆေး 

ရန်ကုန်မြို့  ဒဂုံမြို့သစ်တောင်ပိုင်း ၂၆ ရပ်ကွက်မှာ ဘာသာရေးအကြောင်းပြု ဆူပူမှုဖြစ်အောင် ဖန်းတီးခဲ့တဲ့ မိုက်ကယ်ကျော်မြင့်နဲ့ ဦးသီဟမျိုးနိုင်တို့ကို ဇူလိုင် ၂၆ ရက်က တောင်ဒဂုံမြို နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။ ဒီနေ့ ရုံးချိန်းမှာ တရားလိုပြသက်သေအဖြစ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးကို အပြီးသတ်စစ်ဆေးခဲ့ပြီး သြဂုတ် ၂ ရက်နေ့ နောက်ထပ် ရုံးချိန်းမှာတော့ တောင်ဒဂုံ ၂၆ ရပ်ကွက်က အုပ်ချုပ်ရေးမှူးကို စစ်ဆေးမှာပါ။ မိုက်ကယ်ကျော်မြင့်တို့ ဒီကနေ့ တရားရုံးကို အချုပ်ကားနဲ့ ရောက်လာချိန်မှာ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ဦး၂၀လောက်က  လာရောက်ဝန်းရံ အားပေးခဲ့ကြပါတယ်။ မိုက်ကယ်ကျော်မြင့်နဲ့ ဦးသီဟမျိုးနိုင်တို့ကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) နဲ့အမှုဖွင့် စစ်ဆေးနေတာ ဖြစ်ပါတယ်။
2 years Ago

July 5, 2019

တောင်ဒဂုံနေအိမ်ကို ဗလီဟုတ်မဟုတ် စစ်ဆေးပေးရန် မိုက်ကယ်ကျော်မြင့် လျောက်လဲချက်တင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) ၂၆ ရပ်ကွက်က နေအိမ်အဆောက်အဦဟာ ဗလီ ဟုတ်မဟုတ်  သွားရောက်စစ်ဆေးပေးဖို့ ဖမ်းဆီးတရားစွဲခံနေရတဲ့ မိုက်ကယ်ကျော်မြင့်က တရားရုံးမှာ ဒီကနေ့ လျောက်လဲချက်တင်ခဲ့ပါတယ်။ တောင်ဒဂုံရှိ မွတ်စလင် ဘာသာဝင်တွေရဲ့ ယာယီဝတ်ပြုနေရာကို သွားရောက် တားဆီးရာမှာ ပါဝင်ခဲ့တဲ့ မိုက်ကယ်ကျော်မြင့်နဲ့ ဦးသီဟမျိုးနိုင်တို့ကို ဇူလိုင် ၅ ရက်က တောင်ဒဂုံမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ရုံးထုတ်ရာမှာ ပြီးခဲ့တဲ့အပတ်က တရားလို မြို့နယ်အုပ်ချုပ်ရေးမှူးထွက်ဆိုခဲ့တဲ့ တောင်ဒဂုံ ၂၆ ရပ်ကွက်က နေအိမ်ဟာ ဗလီမဟုတ်ကြောင်းထွက်ဆိုချက်ကို အခုအပတ်ရုံးချိန်းမှာ မိုက်ကယ်ကျော်မြင့်က အဲဒီအိမ်ဟာ ဗလီပုံစံဟုတ်မဟုတ်ကို သွားရောက်စစ်ဆေးပေးဖို့ လျောက်လဲချက်တင်ခဲ့တာပါ။ ဒီလျောက်လဲချက်နဲ့ပတ်သက်ပြီး တရားရုံးက နောက်အပတ်ရုံးချိန်းမှာ အမိန့်ချမှတ်မှာလည်း ဖြစ်ပါတယ်။ မိုက်ကယ်ကျော်မြင့်နဲ့ ဦးသီဟမျိုးနိုင်တို့ကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) နဲ့ အမှုဖွင့် စစ်ဆေးနေတာလည်းဖြစ်ပါတယ်။ သတင်း-ချမ်းမြေ့မောင်
2 years Ago
Up