မိုက်ကယ်ဂျက်ဆင်သမီး

A d v e r t i s e m e n t With Us

September 16, 2016

သေကြောင်းကြံခဲ့ဖူးကြောင်း မျက်ရည်လည်ရွှဲပြောသည့် မိုက်ကယ်ဂျက်ဆင်သမီး

နာမည်ကျော် ပေါ့ပ်စတားတဦးဖြစ်တဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ သမီးဖြစ်သူ အသက် ၁၈ နှစ်အရွယ် ပဲရစ္စဂျက်ဆင်ဟာ အွန်လိုင်းပေါ်ကနေ ဝေဖန်တိုက်ခိုက်မှုတွေကြောင့် သူ့ကိုယ်သူ သတ်သေဖို့ ကြံစည်ခဲ့ဖူးတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သူဟာ မိုက်ကယ်ဂျက်ဆင်ရဲ့သမီးဖြစ်တယ် ဆိုတာကို ဖခင်ဖြစ်သူ သေဆုံးပြီး နောက်ပိုင်းမှာမှ ထုတ်ဖော်ပြောကြားခဲ့ကြတာပါ။ အဲဒီနောက်မှာတော့ အင်တာနက် စာမျက်နှာတွေပေါ်မှတဆင့် ဝေဖန်တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်လာခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်က သေကြောင်းကြံစည်ဖို့ ကြိုးစားချိန်မှာ သူ့ရဲ့အသက်ဟာ ၁၄ နှစ်သာ ရှိသေးတယ်လို့ ဆိုပါတယ်။ မျက်ရည်လည်ရွှဲနဲ့ ထုတ်ဖော်ပြောကြားလိုက်တဲ့ ရုပ်သံဗွီဒီယိုဖိုင်ကိုတော့ သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ပြီး မကြာခင်မှာ ပြန်ဖျက်ခဲ့တာပါ။ “သူတို့ ဘာလို့ ဒီလိုမုန်းတီးနေကြတယ်ဆိုတာ ကျမ မသိပါဘူး။ ကျမ ကိုယ့်ကိုယ်ကိုယ် ရပ်တည်နေနိုင်ဖို့ ကြိုးစားခဲ့ရပါတယ်။ မုန်းတီးရေး လှုံ့ဆော်မှုနဲ့ဆိုင်တဲ့ အရာတွေမှန်သမျှ ကျမ မကြည့်တော့ပါဘူး။ မှတ်ချက်တွေကိုလည်း မဖတ်တော့ဘူး။ ကျမ အများကြီး ကြိုးစားခဲ့ပြီးပါပြီ” လို့ မျက်ရည်တွေနဲ့ သူက ပြောပါတယ်။ သူဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေကို ၂ နှစ်လောက် အသုံးမပြုဘဲ နေခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လူတွေက သူ့ကို အင်စတာဂရမ်ကို ပြန်သုံးဖို့ ပြောခဲ့ကြတယ်လို့ ဆိုပါတယ်။ “ဘာကြောင့် ကျမက တိုက်ခိုက်ဖို့လွယ်တဲ့ ပစ်မှတ်တခု ဖြစ်နေရတာလဲ။ ကျမနဲ့ ပတ်သက်သမျှ လူတိုင်းအပေါ် ကျမ ကောင်းကောင်းဆက်ဆံခဲ့ပါတယ်။ ကျမရဲ့ နေ့စဉ် ဘ၀ဖြတ်သန်းမှုအပေါ် ပွင့်ပွင့်လင်းလင်းပဲ ပြောပြပါတယ်။ ဖုံးကွယ်ထားတာ မရှိပါဘူး။” ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ သူ့ကို ဝေဖန်တိုက်ခိုက်ခဲ့တဲ့ ဂျပ်စတင်ဘီဘာရဲ့ အကြောင်းကိုလည်း ထည့်သွင်းပြောခဲ့တာပါ။ သူ့ရဲ့ ဆိုးဝါးတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဝေဖန်မှုတွေကြောင့် တခြားသူတွေဟာလည်း မုန်းတီးလာကြတာလို့ ပဲရစ္စ ဂျက်ဆင်က ပြောပါတယ်။
4 years Ago
Up