မိုက်ကယ်ကိုဝင်

July 24, 2018

ထရမ့်နှင့် မိုက်ကယ်ကိုဝင်တို့ ပြောစကား တိပ်ခွေ ၁၂ ခွေ သိမ်းဆည်းမိဟု တရားရုံးပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရှေ့နေဟောင်းဖြစ်တဲ့ မိုက်ကယ်ကိုဝင်ဆီကနေ ထရမ့်နဲ့ သူတို့နှစ်ဦး စကားပြောဆိုခဲ့တဲ့ အသံတိပ်ခွေ ၁၂ ခွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဇူလိုင် ၂၃ ရက်နေ့မှာ မက်ဟက်တန်တရားရုံးက ပြောကြားပါတယ်။ အဲဒီတိပ်ခွေတွေထဲမှာ ၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲမတိုင်မီ ၂ လအလိုက ပြောကြားခဲ့ကြတဲ့ အသံဖိုင်တွေ ဖြစ်ပါတယ်။ အဲဒီတိပ်ခွေတွေထဲမှာ ပလေးဘွိုင်မော်ဒယ်ဟောင်း ကာရင်း မက်ဒေါ်နယ်ကို ငွေပေးဖို့ ဆွေးနွေးခဲ့တဲ့အကြောင်းလည်း ပါဝင်ပါတယ်။ ပလေးဘွိုင်မော်ဒယ်ဟောင်း ကာရင်းမက်ဒေါ်နယ်ဟာ ထရမ့်နဲ့ ပျော်ပါးခဲ့ဖူးတယ်လို့လည်း ပြောကြားထားသူတဦးဖြစ်ပါတယ်။ ထရမ့်က အဲဒီမော်ဒယ်နဲ့ ပတ်သက်တဲ့ သတင်းမူပိုင်ခွင့်ရရရှိဖို့ ဖြေဖျော်ရေး သတင်းဌာနဖြစ်တဲ့ National Enquirer ကို ငွေပေးဖို့ ရှေ့နေ ကိုဝင်နဲ့ ဆွေးနွေးတိုင်ပင်ခဲ့တာပါ။ ၂၀၁၆ ရွေးကောက်ပွဲမတိုင်မီက မော်ဒယ်ကာရင်း မက်ဒေါ်နယ်ကို ငွေပေးခဲ့တာမျိုး မရှိဘူးလို့ ထရမ့်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်ရေးအဖွဲ့က ပြောကြားထားဖူးပါတယ်။ အခုသိမ်းဆည်းရမိတဲ့ အသံတိပ်ခွေကြောင့် အဲဒီငြင်းဆိုချက်တွေကို ထိခိုက်စေမှာ ဖြစ်တယ်လို့လည်း VOA သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up