မိသားစု ၅၀

February 27, 2020

ကျူးကျော်နေထိုင်သူများနှင့် ချီလီရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့

ချီလီနိုင်ငံတောင်ပိုင်း တေမူချိုမြို့မှာ လူနေစခန်းတခုအတွင်း အိမ်တွေကနေ နှင်ထုတ်ခံရတာကို ကာကွယ်ဖို့ မိသားစု ၅၀ လောက်ဟာ ရဲတွေနဲ့ ဖေဖော်ဝါရီ ၂၆ ရက်က ရင်ဆိုင်ခဲ့ပါတယ်။ ဒါကြောင့် ရဲတွေက အင်အားသုံးပြီး မိသားစုတွေကို နှင်ထုတ်ခဲ့တဲ့အပြင် အိမ်တွေကို ကုန်ကားတွေသုံးပြီး ဖြိုချခဲ့တာကြောင့် လတ်တလော အခြေအနေ တင်းမာနေတယ်လို့ သိရ ပါတယ်။ ဒီဒေသထဲမှာ အိမ်ဆောက်ဖို့ ခွင့်ပြုချက် မရှိဘူးလို့ တေမူချိုမြို့ ဒေသန္တရအာဏာပိုင်တွေက မိသားစုတွေကို ဖေဖော်ဝါရီ ၁၇ ရက်မှာ အကြောင်းကြားပြီးတဲ့နောက် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာပါ။ အရာရှိတွေရောက် လာချိန်မှာ မိသားစုတွေက အဲဒီနေရာမှာ နေထိုင်ဆဲ ဖြစ်ပါတယ်။ စုပေါင်းအိမ်ရာတွေ မရတဲ့နောက်ပိုင်းမှာ ဒီနေရာကို သူတို့ ကျူးကျော်ခဲ့တာလို့ စခန်းထဲက ဒေသခံတွေက မီဒီယာတွေကို ပြောပါတယ်။  နှင်ထုတ်နေချိန်မှာ လူအတော်များများ အဖမ်းခံရတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါ တယ်။ 
2 years Ago
Up