မိသားစုဝင်များ

September 5, 2020

ဒက္ခိဏသီရိမြို့နယ်က ကိုဗစ်-၁၉လူနာ၏ မိသားစုဝင်များကို Quarantine ထားရှိ

နေပြည်တော် ပိုးတွေ့လူနာသစ် ၇ ဦးထဲက ဒက္ခိဏသီရိမြို့နယ်က ကိုဗစ်-၁၉ အတည်ပြုလူနာရဲ့ ဆက်စပ်မိသားစုဝင်တွေကို Quarantine ထားရှိထားတယ်လို့ သိရပါတယ်။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၄ ရက် ည ၈ နာရီထုတ်ပြန်ချက်ထဲမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ အသစ် ၃၈ ဦးတွေ့ရှိရပြီး အဲ့ဒီထဲမှာ နေပြည်တော်က ၇ ဦး ပါဝင်လာတာပါ။  ဒီထဲက ၆ ဦးဟာ နေပြည်တော်ပြင်ပကနေ ပြန်လာပြီးနောက် Quarantine ဝင်နေသူတွေဖြစ်ကာ နေပြည်တော်အတွင်း ထိတွေ့မှုမရှိခဲ့ဘူးလို့ သိရပါတယ်။  ကျန် အတည်ပြုလူနာ ၁ ဦးရဲ့ ဆက်စပ်မိသားစုဝင်တွေ အားလုံးကိုလည်း Quarantine ထားရှိထားတယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုညွှန်ချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။ “၁ ယောက်ကတော့ ခုတင် ၁၀၀၀ ဆေးရုံကိုလာပြတာ၊ အစာအိမ်ရောဂါနဲ့ လာပြတယ်။ အဲဒါနဲ့ ကျနော်တို့ ဆေးစစ်လို့တွေ့လိုက်တာပေါ့။ သူက ဒက္ခိဏသီရိမြို့နယ်က၊ သူနဲ့ဆက်စပ်နေတဲ့ မိသားစုတွေ စသဖြင့် အားလုံးကိုလည်း လိုအပ်တဲ့ Quarantine လုပ်ပြီးပါပြီ။ ကျန်တဲ့ ၆ ယောက်ကတော့ နေပြည်တော်ပြင်ပကနေ ဝင်လာတာ၊ ဝင်လာလို့ Quarantine ထဲမှာထားပြီးတော့ ဆေးစစ်တဲ့အခါမှာ တွေ့တာ ဖြစ်တဲ့အတွက် နေပြည်တော်ထဲမှာတော့ contact မရှိပါဘူး” လို့ ပြောပါတယ်။ အခုတွေ့ရှိရတဲ့ ပြင်ပကနေ ပြန်လာသူ ၆ ဦးဟာ စက်တင်ဘာ ၂ ရက်နေ့က နေပြည်တော်ဝင်လာသူတွေနဲ့ အစောပိုင်းမှာ ရခိုင်ပြည်နယ်က ပြန်လာသူတွေလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ “၂ ရက်နေ့ကျတော့ နေပြည်တော်ထဲ ဘယ်သူဝင်ဝင် Quarantine လုပ်ရတာ၊ အဲဒီမတိုင်ခင်ရှေ့ပိုင်းမှာ ကျနော်တို့ ပက်ကေ့ချ် လုပ်တာရှိသေးတယ်။ ရခိုင်က ပြန်လာတာ၊ ရခိုင်ပြန်တွေလည်း Quarantine လုပ်ထားတဲ့အဖွဲ့တွေလည်း ပါတယ်။ နောက်တခါ ၂ ရက်နေ့မှ ဝင်လာတဲ့သူတွေလည်း ပါတယ်” လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၅ ရက်မနက်ပိုင်း ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာအသစ် ၄၅ ဦး ထပ်မံတွေ့ရှိရတယ်လို့ သိရပါတယ်။ ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)
10 months Ago

September 2, 2020

ကိုဗစ်လူနာအမှတ် ၉၂၉ ၏ မိသားစုဝင်များကို ကွာရန်တင်းစင်တာပို့ဆောင်

ကိုဗစ်-၁၉ ပိုးတွေ့လူနာအမှတ် ၉၂၉ နဲ့ ထိတွေ့ခဲ့တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် ကျီတော်လမ်း၊  အိမ်အမှတ် ၂၁ ၊ ၄ လွှာနေ မိသားစုဝင်သုံးဦးကို ဒီကနေ့ နေ့လည်ပိုင်းက ရွှေပြည်သာမြို့နယ်ရှိ ကွာရန်တင်းစင်တာသို့ ပို့ဆောင်လိုက်ပါတယ်။ အဆိုပါ အသက် ၆၀ အရွယ် ပိုးတွေ့လူနာအမျိုးသမီးဟာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ နေထိုင်သူဖြစ်ပြီး သြဂုတ် ၁၈ ရက် က ရန်ကုန်မြို့ရှိ သမီးဖြစ်သူရဲ့ နေအိမ်သို့ အလည်အပတ်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ Photo - Ye Ko / MPA
10 months Ago
Up