မိသားစုတစု

September 17, 2020

ဘန်ကောက်တွင် မိသားစုတစု သေဆုံးခဲ့သည့်ပစ်ခတ်မှု ရဲတပ်ဖွဲ့စုံစမ်း

ထိုင်းနိုင်ငံ ဘန်ကောက်ခရိုင် ထုန့်ခရူနယ်မြေမှာ အမျိုးသား ၂ ယောက်၊ အမျိုးသမီး ၂ ယောက်နဲ့ ကလေး တယောက်အပါအဝင် တမိသားစုလုံး သေဆုံးခဲ့ရတဲ့ ပစ်ခတ်မှုကို ရဲတွေက စုံစမ်းစစ်ဆေးနေတယ်လို့ သည်နေးရှင်းသတင်းစာက စက်တင်ဘာ ၁၇ ရက်မှာ ဖော်ပြပါတယ်။  အဘိုး၊ အဘွား၊ အဖေ၊ အမေနဲ့ ကိုးနှစ်သား ယောက်ျားလေး တယောက်ပါတဲ့ မိသားစုဝင် ငါးယောက်ဟာ စူစဝပ်လမ်းသွယ် ၇၀ ထဲက သူတို့အိမ်မှာ စက်တင်ဘာ ၁၇ ရက် မနက် ၈ နာရီခွဲ လောက်က အသတ်ခံရတာလို့ ရဲတပ်ဖွဲ့ ဒုပြောခွင့်ရ ရဲမှူးကြီး ခရစ္စနာ ပတ်တာနာချာရီယွန်က ပြောပါတယ်။  သူတို့မိသားစုဟာ အိမ်တွင်းမှု ဓာတုလုပ်ငန်းကို လုပ်ကိုင်ပါတယ်။ အသတ်ခံရတဲ့နေရာက ၉ နှစ်သားရဲ့ဖခင်၊ လခ်လို့ခေါ်တဲ့ အမျိုးသားလက်ထဲက သေနတ်တလက်ကို သက်သေအဖြစ် ရင်ခွဲစစ်ဆေးရေးအဖွဲ့က သိမ်းဆည်းခဲ့ပါတယ်။ “လခ်.. မင်းက ငါ့ကို ထိခိုက်အောင် လုပ်နေတယ်” ဆိုပြီး အဘွားဖြစ်သူရဲ့ အော်သံ ကြားတယ်လို့ အိမ်နီးချင်းတွေက ထွက်ဆိုပါတယ်။  အိမ်ထဲကနေ သေနတ်သံကြားလို့ အိမ်နီးချင်းတွေက ရဲကို အကြောင်းကြားခဲ့ကြတာပါ။  လခ်ဟာ ဘဏ္ဍာရေးဖိအားတွေကို ရင်ဆိုင်နေခဲ့ရတာ ဖြစ်နိုင်ပြီး သူ့ကိုယ်သူ သတ်မသေခင် သူ့ဖခင်၊ မိခင်၊ ဇနီးနဲ့ သားတို့ကို သတ်ဖို့ ကြိုးစားခဲ့ပုံရတယ်လို့ ရဲက ယုံကြည်ထားပါတယ်။ 
1 year Ago
Up