မိမိအနာဂတ်ကို ချဲလ်ဆီးအသင်းက ဆုံးဖြတ်သွားလိမ့်မယ်လို့ တိုက်စစ်မှူး ဒီယေဂိုကော်စတာက ပြောကြားလိုက်ပါတယ်။
ချဲလ်ဆီးအသင်းနည်းပြ ကွန်တီအနေနဲ့ ကော်စတာကို ချဲလ်ဆီးအသင်းရဲ့ အနာဂတ် အစီအစဉ်မှာ မပါဝင်တော့တဲ့အကြောင်း မက်ဆေ့ခ်ျပို့ခဲ့တဲ့အတွက် အသင်းသစ်ရှာမယ်လို့ ကော်စတာက ပြီးခဲ့တဲ့အပတ်မှာ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် လက်ရှိအချိန်မှာတော့ အသင်းနဲ့ စာချုပ်သက်တမ်း ရှိနေတဲ့အတွက် ချဲလ်ဆီးအသင်းကပဲ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ကော်စတာက ပြောပါတယ်။
အသက် ၂၈ နှစ်ရှိ စပိန်တိုက်စစ်မှူး ကော်စတာဟာ မက်ဆီဒိုးနီးယားနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပွဲထွက်ခွင့်ရခဲ့ပြီး အနိုင်ဂိုးတဂိုးလည်း သွင်းယူခဲ့ပါတယ်။
ကော်စတာကို ခေါ်ယူဖို့အတွက် တရုတ်စူပါလိဂ်ကလပ်တွေက ကမ်လှမ်းထားပါတယ်။
4 years Ago