အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နှစ်သစ်ကူးသတင်းစကားပြောဆိုရာမှာ ကပ်ရောဂါ ကိုင်တွယ်မှုနဲ့ စီးပွားရေး ပြန်တည်ဆောက်မှုအပါအဝင် သူ့အစိုးရရဲ့ အောင်မြင်မှုတွေကို ချီးမွမ်းပြောဆို လိုက်ပါတယ်။
သူ့အစိုးရအဖွဲ့ လုပ်ဆောင်ပေးတာတွေအတွက် သူတို့ကို အမှတ်ရကြမှာ ဖြစ်တယ်လို့ လည်း ပြောဆိုခဲ့ပါတယ်။
အမေရိကန်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို စံချိန်တင် ထုတ်လုပ်ထားပြီး ဒီထုတ်လုပ်မှုဟာ နှစ်မကုန်ခင် ဖြစ်လာမယ်လို့ သူတွက်ဆထားတယ်ဆိုပြီး သမ္မတ ထရမ့်က ပြောဆိုဖူးပါတယ်။
သမ္မတထရမ့်ဟာ ဒီဇင်ဘာ ၃၁ ရက် အစောပိုင်းက ဖလော်ရီဒါရှိ သူရဲ့ အပန်းဖြေ နေအိမ်ကနေ ဝါရှင်တန်ကို ပြန်လာခဲ့ပါတယ်။
ကွန်ဂရက်မှာ ကာကွယ်ရေးဥပဒေကြမ်းနဲ့ ကိုဗစ်-၁၉ အထောက်အပံ့နဲ့ပတ်သက်လို့ ထရမ့်ဟာ ဆက်ကြိုးပမ်းနေပြီး တွစ်တာကနေလည်း သူ့အစိုးရရဲ့ သမိုင်းဝင် အောင်မြင်မှုတွေကို မှတ်တမ်းတင်ဖော်ပြနေတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
2 months Ago