မိမိသားငယ်ကို ပွေ့ဖက်ရန်ကြိုးစားသည့် ကလေးငယ်ကို ကန်ထုတ်သည့် ဖခင်

May 11, 2016

မိမိသားငယ်ကို ပွေ့ဖက်ရန်ကြိုးစားသည့် ကလေးငယ်ကို ကန်ထုတ်သည့် ဖခင် (ရုပ်သံ)

တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းခရိုင်၊ ရန်ဖူမြို့မှ ဈေးဝယ်စင်တာတခုထဲမှာ အမျိုးသားတဦးဟာ ရင်သွေးကလေးငယ်နဲ့အတူ ဈေးဝယ်နေချိန် တခြားကလေးငယ်တဦးက သူ့သားငယ်ကို ထိကိုင်ဖို့ ကြိုးစားခဲ့လို့ ကန်ထုတ်ပစ်လိုက်တဲ့ ရုပ်သံဖိုင်ဟာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ၂ နှစ်အရွယ် မိန်းကလေးဟာ အဆိုပါအမျိုးသားရဲ့ ကလေးအနီးကို ချဉ်းကပ်ပြီး ထိကိုင်ဖို့ ကြိုးစားချိန်မှာ ဖခင်ဖြစ်သူဟာ စိုးရိမ်တကြီးနဲ့ ကန်ထုတ်ပစ်လိုက်တာကို တွေ့ရပါတယ်။ အဲဒီ ၂ နှစ်အရွယ် ကလေးငယ်ဟာ မိခင်နဲ့အတူ  လိုက်လာတာဖြစ်ပြီး သူဟာ ချစ်ခင်စိတ်နဲ့ ကလေးကို ပွေ့ဖက်ချင်တာသာဖြစ်တယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။ ရုတ်တရက် ကန်ထုတ်လိုက်တဲ့အတွက် မိန်းကလေးရဲ့ မိခင်ဖြစ်သူဟာ ဒေါသထွက်ခဲ့ပြီး ရဲကိုခေါ်ဖို့ ကြိုးစားခဲ့ချိန်မှာ အဲဒီအမျိုးသားက အခင်းဖြစ်တဲ့နေရာကနေ ထွက်သွားခဲ့တာပါ။ မေလ ၆ ရက်နေ့မှာ ဖြစ်ပျက်ခဲ့တဲ့ ဒီရုပ်သံဖိုင်ဟာ အင်တာနက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ပြီးနောက်မှာတော့ ခုလို တုံ့ပြန်လိုက်တဲ့ အဆိုပါအမျိုးသားကို ဝေဖန်ပြစ်တင်မှုတွေ မြင့်တက်လာခဲ့တာလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ လက်ရှိမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲတွေက စုံစမ်းစစ်ဆေးနေတယ်လို့ သတင်းက ဆိုပါတယ်။
6 years Ago
Up