မိမိရင်သွေးကို သားပိုက်ကောင်ကဲ့သို့ ပြုစုစောင့်ရှောက်ကြသည့် ဖခင်များ

A d v e r t i s e m e n t With Us

November 16, 2015

မိမိရင်သွေးကို သားပိုက်ကောင်ကဲ့သို့ ပြုစုစောင့်ရှောက်ကြသည့် ဖခင်များ (ဓာတ်ပုံ)

ကလေးငယ်တွေကို ပြုစုစောင့်ရှောက်တာဟာ ရှေးရိုးအစဉ်အလာအားဖြင့်တော့ မိခင်တွေရဲ့တာဝန်လို့ လက်ခံထားကြပေမယ့် တရုတ်နိုင်ငံ၊ နန်ကျင်းမြို့က ဖခင်တွေကတော့ ဒီစံကို ချိုးဖောက်ခဲ့ကြပြီး သားပိုက်ကောင်ဖခင်တွေ ဖြစ်လာကြပါတယ်။ နိုဝင်ဘာ ၁၃ ရက်နေ့က ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေမှာတော့ ဖခင် ၂ ဦးဟာ နန်ကျင်း မိခင်နှင့်ကလေး ပြုစုစောင့်ရှောက်ရေးဆေးရုံမှာ ရင်ဘတ်ဗလာကျင်းနဲ့ အောက်မှာ ကြိုးတပ်ထားပြီး မွေးကင်းစကလေးတွေကို ပြုစုစောင့်ရှောက်နေပုံတွေကို စီစီတီဗွီသတင်းမှာ ဖော်ပြထားတာပါ။ ခုလို ပြုစုစောင့်ရှောက်မှုကို သားပိုက်ကောင် ပြုစုစောင့်ရှောက်မှုလို့ အမည်ပေးကြပြီး သားပိုက်ကောင်အမတွေဟာ သူတို့အိတ်တွေထဲမှာ ကလေးတွေကို ထည့်သယ်ပိုးသလို ပြုစုရတာမျိုးဖြစ်ပြီး အခုနှစ်တွေအတွင်း ရေပန်းစားလာခဲ့တာပါ။ သားပိုက်ကောင် ပြုစုစောင့်ရှောက်မှုမှာ ပါဝင်ဖို့ ဖခင်အနေနဲ့ အချိန် ၂ နာရလောက် ပေးရမှာဖြစ်ပြီး ကလေးငယ်ကို တတ်နိုင်သမျှ ညင်ညင်သာသာ ပြုစုဆက်ဆံနိုင်ဖို့ အရေးကြီးကာ ကလေးငယ်တွေအတွက်လည်း ကောင်းတဲ့နည်းလမ်း ဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။ ကလေးငယ်တွေကို ပြုစုစောင့်ရှောက်မယ့် ဖခင်တွေရဲ့ ဒီလှုပ်ရှားမှုဟာ ပထမဆုံးဖြစ်ကာ ခုချိန်မှာတော့ ဖခင် ၁၀ ဦးနီးပါး ပါဝင်လှုပ်ရှားခဲ့ကြပြီးဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဓာတ်ပုံ - စီစီတီဗွီ  
5 years Ago
Up