မိမိကိုယ်ကိုယ် ရေနစ်ခံပြီး သားကို ကယ်တင်သွားသည့် အာဂ မိခင်

A d v e r t i s e m e n t With Us

August 28, 2016

မိမိကိုယ်ကိုယ် ရေနစ်ခံပြီး သားကို ကယ်တင်သွားသည့် အာဂ မိခင်

အမေရိကန်ပြည်ထောင်စု အရီဇိုးနားနဲ့ အုထာပြည်နယ် နယ်စပ်မှာရှိတဲ့ ပိုဝဲလ် ရေကန်မှာ မော်တော်ဘုတ် မတော်တဆမှုဖြစ်ပွားခဲ့ရာမှာ မိခင်က ရေနစ်ခံပြီးသားကို ကယ်တင်သွားပါ တယ်။ သြဂုတ် ၂၄ ရက်က ကော်လိုရာဒိုပြည်နယ်က အသက် ၃၅ နှစ် ကလေး ၂ ယောက်မိခင် ချဲလ်ဆေးရပ်ဆဲလ်က မိသားစုနဲ့အတူ အပန်းဖြေခရီးကို ဆင်နွှဲနေစဉ်မှာ မတော်တဆမှု ဖြစ်ပွားခဲ့တာလို့ ဗြိတိန် သည်မေးရားသတင်းမှာရေးပါတယ်။ မတော်တဆမှု ဖြစ်ပွားစဉ် ၂ နှစ်ကလေးငယ် ရေထဲ ကျသွားတာကို ရပ်ဆဲလ်က တွေ့ရှိခဲ့စဉ် ရေထဲကို လိုက်ဆင်းပြီး မိမိကိုယ်ကိုယ် ရေနစ်ခံကာ သားကို ရေပေါ်ကို မတင်ထားခဲ့ပါတယ်။ ၅ မိနစ်အကြာ ဆွေမျိုးသားခြင်းတွေ ရောက်လာပြီး ကလေးနဲ့ မိခင်ကို ကယ်ဆယ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရပ်ဆဲလ်က ကွယ်လွန်သွားခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကလေးကို ဆေးရုံကို ခေါ်ဆောင်သွားပြီး အခြေအနေက တည်ငြိမ်နေတယ်လို့ ကလင်းကင်နွမ် အမျိုးသား အပန်းဖြေ ဧရိယာက တာဝန်ရှိသူက ပြောပါတယ်။ မတော်တဆမှု ဖြစ်ပွားချိန်မှာ ကလေးက မော်တော်ပေါ်မှာ တခြားကလေးနဲ့ ဆော့ပြီး ပြုတ်ကျသွားတာ ဖြစ်ပါတယ်။ မတော်တဆမှုဖြစ်စဉ် ကလေးရော ရပ်ဆဲလ်ပါ အသက်ကယ် ၀တ်စုံ ၀တ်ဆင်မထားဘူးလို့ ဆိုပါတယ်။
5 years Ago
Up