မြန်မာနိုင်ငံက အကယ်ဒမီ ရုပ်ရှင် သရုပ်ဆောင်တွေ ဦးဆောင်ပြီးတော့ မိဘမဲ့ကလေး ဂေဟာ ကျောင်းတွေအတွက် ရန်ပုံငွေ တေးဂီတ ဖျော်ပြေပွဲတခုကို လာမယ့် ဒီဇင်ဘာ ၃၀ ရက်နေ့ ထိုင်းနိုင်ငံ မဟာချိုင်ဒေသမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။
ဒီဖျော်ပြေပွဲကလေးကို ထိုင်းနိုင်ငံ အခြေစိုက် ဇီဝက ဖောင်ဒေးရှင်နဲ့ အကယ်ဒမီ ရုပ်ရှင် သရုပ်ဆောင် မေသန်းနုတို့က ဦးဆောင်တာ ဖြစ်ပြီး မဟာချိုင် ဒေသမှာရှိတဲ့ ဝေလ အားကစား ဘောလုံကွင်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။
ပါဝင် ဖျော်ပြေပေးမယ့် သူတွကတော့ အကယ်ဒမီ မေသန်းနု၊ မေကဗျာ၊ ဟာသသရုပ်ဆောင် ဒိန်းဒေါင်၊ ခင်လှိုင်၊ ကျော်ထူး အပြင် အဆိုတော် ရဲလေး၊ ဟဲလေး၊ ဂျိုကာ၊ အိမ့်ချစ်၊ အိုင်းရစ်ဇင်မာမြင့်၊ စန္ဒီမြင့်လွင်နဲ့အတူ တခြားသော အနုပညာရှင်တွေ ပါဝင်မှာ ဖြစ်ပါတယ်။
ရန်ပုံငွေအတွက် အထူးတန် လက်မှတ်တစောင်ကို ဘတ်ငွေ ၃၅၀ နဲ့ ရောင်းချပေးမယ်လို့ သိရပါတယ်။
7 years Ago