မိဖုရား လက်သီဇီရာ

December 16, 2020

ဟာရီကိန်းလေဘေးသင့် ဟွန်ဒူးရပ်စ်နိုင်ငံသို့ စပိန်က ထောက်ပံ့ရေးပစ္စည်းများပေးပို့

ဟာရီကိန်းမုန်တိုင်းဒဏ်သင့် ဟွန်ဒူးရပ်စ်နိုင်ငံအတွက် စပိန်နိုင်ငံရဲ့ ထောက်ပံ့ရေးပစ္စည်း ၁၁ တန်ကို မိဖုရား လက်သီဇီရာက ဒီဇင်ဘာ ၁၅ ရက်မှာ ပို့ဆောင်ပေးလိုက်ပါတယ်။ စပိန်မိဖုရား လက်သီဇီရာဟာ ဟာရီကိန်းနှစ်ခု တိုက်ခတ်မှုအတွင်း အိုးအိမ်ဆုံးရှုံးခဲ့ရသူ တချို့အပါအဝင် အခက်အခဲတွေ ကြုံတွေ့နေသူ ကလေးငယ်တွေ၊ ဒေသခံ အိမ်ထောင်စုတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဟာရီကိန်းမုန်တိုင်းနဲ့ မုန်တိုင်းအပြီး နောက်ဆက်တွဲဒဏ်ကို ဟွန်ဒူးရပ်စ် လူဦးရေ ၄ သန်းခွဲလောက်က  ထိခိုက်ခံစားနေရတယ်လို့ အစိုးရက ပြောပါတယ်။  ဟာရီကိန်း နှစ်ခုကြောင့် လူ ၁၀၀ လောက်သေဆုံးပြီး နေအိမ် ၆,၁၀၀ လုံး၀ပျက်စီးကာ နေအိမ်ပေါင်း ၈၅,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။  မုန်တိုင်းနှစ်ခုမတိုင်ခင်ကလည်း ဟွန်ဒူးရပ်စ်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဒီနှစ်အဖို့ စီးပွားရေး ကျဆင်းမှု ၁၀ ဒသမ ၅ ရာခိုင်နှုန်း  ရှိနိုင်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
4 months Ago
Up