မိဖုရား

A d v e r t i s e m e n t With Us

May 10, 2019

ထိုင်းဘုရင်နှင့် မိဖုရားတို့ တက်ရောက်ချီးမြှင့်သည့် တော်ဝင်လယ်ထွန်မင်္ဂလာပွဲ ကျင်းပ

ထိုင်းနိုင်ငံမှာ တော်ဝင် လယ်ထွန်မင်္ဂလာပွဲကို မေလ ၉ ရက်က မြို့တော် ဘန်ကောက်က ဆနမ်းလွမ်ရင်ပြင်မှာ ကျင်းပပြီး ဘုရင် မဟာဝဇီရာ လောင်ကွန်းနဲ့ မိဖုရား ဆုထိဒါတို့က တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ ဘုရင်ရဲ့ အကြီးဆုံးသမီးတော် ဘဒ်ဒယာ ခေတ္တရာဘာလည်း ဒီပွဲကို တက်ရောက်ပါတယ်။ နှစ်စဉ်ကျင်းပနေကျ လယ်ထွန်မင်္ဂလာပွဲဟာ ဗြဟ္မဏဝါဒ ဝတ်ပြုပွဲပါ။ မင်္ဂလာနွားတရှဉ်းက အခမ်းအနားကျင်းပရာ မြေပြင်ကို ၉ ကြိမ်လှည့်ပတ် ထွန်ယက်ပြီး အခမ်းအနား ဥက္ကဋ္ဌက ဆန်စေ့တွေကို လေထဲ မြှောက်ကြဲခဲ့တာပါ။ ရှပ်ဝါတွေ ဝတ်ထားတဲ့ လူပင်လယ်ကြီးက အခမ်းအနားအတွင်း ကြဲချခဲ့တဲ့ ဆန်စေ့တွေ များနိုင်သမျှ များများရအောင် အလုအယက် ကောက်ယူခဲ့ကြပါတယ်။ ဒီဆန်စေ့တွေဟာ မင်္ဂလာရှိပြီး နိမိတ်ကောင်းတယ်လို့လည်း ယုံကြည်ကြပါတယ်။ ၉ ဂဏန်းဟာ ထိုင်းတွေအတွက် အင်မတန် ကံကောင်းစေတဲ့ ဂဏန်းလို့ ယုံကြည်ကြပါတယ်။ ဒါ့အပြင် အသံထွက်ဟာလည်း တိုးတက်မှုဆိုတဲ့ စကားလုံးနဲ့ အသံဆင်တူပါတယ်။ မင်္ဂလာနွားတွေကို မတူတဲ့ စားစရာတွေ ထည့်ထားတဲ့ လင်ဗန်းကို ပေးရာမှာ သူတို့ရွေးချယ်တဲ့ စားစရာကို ကြည့်ပြီး လာမယ့်နှစ်အတွက် ဟောကိန်းထုတ်လေ့ရှိပါတယ်။ ဒီနှစ်မှာ နွားတွေက ဆန်နဲ့ မြက်ကို စားပြီး ရေသောက်ခဲ့လို့ ဒီနှစ်ထဲမှာ ရေလုံလောက်မယ်၊ သားငါး ကောက်ပဲသီးနှံ အလျှံပယ် ကြွယ်ဝမယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာန ဒု အမြဲတမ်းအတွင်းဝန် မီးဆပ်ခ် ပတ်ဒီးခုန်က ပြောပါတယ်။ ထိုင်းနိုင်ငံဟာ ကမ္ဘာ့ ဒုတိယအကြီးဆုံး ဆန်တင်ပို့တဲ့ နိုင်ငံဖြစ်ပြီး အရှေ့တောင်အာရှ နိုင်ငံတွေအတွင်း ဆန်ဟာ အဓိကစားနပ်ရိက္ခာလည်း ဖြစ်ပါတယ်။
2 years Ago

May 2, 2019

ထိုင်းဘုရင် နန်းမတက်ခင် ချစ်သူကို မိဖုရားမြှောက် (ရုပ်သံ)

ဒသမမြောက် ထိုင်းဘုရင် မဟာဝဇီရာ လောင်ကွန်းဟာ လာမယ့် မေ ၄ ရက်မှ ၆ ရက်နေ့အတွင်း တရားဝင် ဘိသက်ခံပြီး နန်းတက်မင်္ဂလာ အခမ်းအနား ကျင်းပဖို့ ရှိနေပါတယ်။ နန်းတက်ပွဲမဝင်ခင် ၃ ရက်အလို မေလ ၁ ရက် ညနေ ၄ နာရီ ၃၂ မိနစ် အချိန်မှာတော့ သူ့ရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ဝင် အမျိုးသမီး စစ်ဗိုလ်ချုပ်ကြီး ဆုထိဒါ တစ်ကျိုင်နဲ့ ထိုင်း နန်းတွင်းဓလေ့ထုံးစံအရ ထိမ်းမြားလက်ထပ်ပြီး ဆုထိဒါ ဝဇီရာလောင်ကွန်းနာ့အယုဒ္ဓယ အမည် အပ်နှင်းကာ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်လိုက်ပါတယ်။ ထိမ်းမြားလက်ထပ်ပွဲနဲ့ မိဖုရားခေါင် တင်မြှောက်ပွဲမှာ ဘုရင်ကြီးရဲ့နှမတော် မင်းသမီး မဟာချက္ကရီသီရိဒုံနဲ့ မင်းတိုင်ပင်ခံအမတ် ဗိုလ်ချုပ်ပရိမ်းတို့ ကြွရောက်ချီးမြှင့်ပြီး အသိသက်သေအဖြစ် လက်မှတ်ထိုးပေးခဲ့ပါတယ်။ ထိုင်းမိဘုရားခေါင်သစ် ဆုထိဒါဟာ လက်ရှိ သက်တော် ၄၀ ရှိပြီဖြစ်ပြီး အဆမ်ရှန်တက္ကသိုလ်က ဥပဒေဘွဲ့ ရရှိထားသူ ဖြစ်ပါတယ်။ ဘွဲ့ရပြီးတဲ့နောက် ထိုင်းလေကြောင်းလိုင်းမှာ ဧည့်ကြိုဝန်ထမ်းလုပ်ခဲ့ပြီး အဲဒီနောက် ထိုင်းတပ်မတော်ထဲဝင်ကာ စစ်သမီးလုပ်ခဲ့ပါတယ်။ စစ်တပ်မှာ ထူးချွန်မှုတွေကြောင့် ဘုရင့်ကိုယ်ရံတော်တပ်ဖွဲ့ဝင်ထဲ အမှုတော်ထမ်းရွက်ရပြီး လက်ထောက်စစ်ဦးစီးချုပ်အထိ ရာထူးအဆင့်ဆင့် တိုးမြှင့်ခံခဲ့ရပါတယ်။ ဒသမမြောက်ဘုရင်ကြီးဟာ လက်ရှိ သက်တော် ၆၆ နှစ်ရှိပြီး လွန်ခဲ့တဲ့ နှစ် ၃၀ အိမ်ရှေ့မင်းသားဘဝက ဆုမ်ဆဝဒီးဆိုသူ မင်းမျိုးနွယ်အမျိုးသမီးတဦးနဲ့ ထိမ်းမြားပြီး သမီးတော်တဦး ထွန်းကားပါတယ်။ အဲဒီမင်းသမီးနဲ့ ကွာရှင်းပြီးတဲ့နောက် လွန်ခဲ့တဲ့ ၁၈ နှစ်ခန့်က    ဆရီရတ်ဆမီဆုဝတီ ဆိုသူ မင်းမှုထမ်းအနွယ်ဝင် အမျိုးသမီးတဦးနဲ့ တရားဝင် ထပ်မံထိမ်းမြားကာ သားတော်တဦး ထွန်းကားခဲ့ပါတယ်။
2 years Ago
More News
Up