မိန်းမလျာအဖွဲ့အစည်း

June 29, 2020

အစ္စရေးတွင် မိန်းမလျာအဖွဲ့အစည်း စီတန်းလှည့်လည်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် ကန့်သတ်ချက်တွေ ဆောင်ရွက်နေပေမယ့် အစ္စရေးနိုင်ငံထဲက မိန်းမလျာလူ့အဖွဲ့အစည်းဟာ 'လိင်စံနှုန်း ကွဲလွဲသူတွေရဲ့ ဂုဏ်သိက္ခာ'လို့ နာမည်ပေးထားတဲ့ စီတန်းလှည့်လည်ပွဲကို ကျင်းပရင်း ဂျေရုဆလင်မြို့နဲ့ တဲလ်အဗီမြို့တွေမှာ ဇွန် ၂၈ ရက်က ချီတက်ခဲ့ကြပါတယ်။ ကမ်းရိုးတန်းမြို့ တဲလ်အဗီမှာ အရင်နှစ်တွေက ခုလိုချီတက်ပွဲတွေကို ထောင်ချီတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ပူးပေါင်းအားပေးခဲ့ကြတာပါ။ ဒီနှစ်မှာတော့ ပါဝင်သူ ရာဂဏန်းသာ မြို့တော်ခန်းမနားမှာ စုရုံးခဲ့ကြပြီး လူတွေက ပါးစပ်၊ နှာခေါင်းစည်းတွေကို ဝတ်ထားကြပါတယ်။ ဂျေရုဆလင်မြို့မှာတော့ ရဲတွေက လူ ၁၂၅၀ ကျော်ထက်မပိုဖို့ ရဲတွေက ခွင့်ပြုခဲ့ပါတယ်။ အစ္စရေးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို စတင် ဖြေလျှော့ပေးနေပြီး ကူးစက်နှုန်းက သုညနီးပါးထိ ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ အရင်နှစ်ပတ်က ကူးစက်နှုန်း ပြန်မြင့်လာလို့ ကန့်သတ်ချက် ပြန်ထားကောင်း ထားမယ်လို့ အစိုးရက သတိပေးထားပါတယ်။
12 months Ago
Up