မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန် ဘွန်ဒတ်စ်လီဂါပွဲစဉ်မှာ မိုချန်ဂလာဘတ်က မိန့်ဇ်အသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။
မိုချန်ဂလာဘတ်အတွက် ဦးဆောင်ဂိုးကို တောင်ပံကစားသမား ဟော့မန်းက သွင်းယူခဲ့သလို အိမ်ရှင်အသင်းကပဲ ထိုးဖောက်ကန်သွင်းခွင့်တွေ ပိုရခဲ့ပါတယ်။ ဒုတိယဂိုးကို ၅၃ မိနစ်မှာ ဟော့မန်းကပဲ ပိတ်ယူပါတယ်။ တတိယဂိုးကို ၅၈ မိနစ်မှာ ဟာဇက်က သွင်းယူပါတယ်။
မိုချန်ဂလာဘတ်အသင်းဟာ ဒီနှစ်ရာသီမှာ တာထွက်ကောင်းနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။
အပိတ်ဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေတဆင့် ဟော့မန်းက သွင်းယူပြီး ဒီပွဲမှာ ဟက်ထရစ် ရသွားပါတယ်။
ဒီပွဲနိုင်တဲ့ မိုချန်ဂလာဘတ်က ၁၇ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရှိနေပြီး ဇယားထိပ်က ဒေါ့မွန်ရဲ့နောက် ၃ မှတ်အကွာမှာ ရပ်တည်နေပါတယ်။
2 years Ago