မိန်းကလေး အသက်ရှင်

February 11, 2018

အဖိုးဖြစ်သူ၏ အစာဖြတ် အိမ်တွင်းအကြမ်းဖက်ခံရသူ မိန်းကလေး အသက်ရှင်

အဖိုးဖြစ်သူရဲ့ အိမ်တွင်းအကြမ်းဖက်မှုကို ဆိုးရွားစွာခံခဲ့ရတဲ့ ဖြစ်ရပ်မှန် ဓာတ်ပုံတွေကို ဂျပန်နိုင်ငံက မိန်းကလေးတဦးက လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့ပါတယ်။ အဖိုးဖြစ်သူက အစာအငတ်ထားခဲ့တယ်လို့ မိန်းကလေးက ပြောလိုက်ပြီး ခန္ဓာကိုယ်အလေးချိန် ၂ စတုံ ၆ ပေါင်အထိ ကျခဲ့တဲ့ မိန်းကလေးရဲ့သွင်ပြင်ကို ဓာတ်ပုံတွေထဲ မြင်ရပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က အဖိုးဖြစ်သူနဲ့ နေစဉ် မှန်ရှေ့က ထိတ်လန့်ဖွယ် ဓာတ်ပုံတွေကို မိန်းကလေးက ရိုက်ခဲ့ပြီး တွီတာပေါ်မှာ Wild Cabbage ဆိုတဲ့ အမည်နဲ့ တင်ခဲ့တာပါ။ အစားအသောက်စားတာကို တားမြစ်ခံရပြီး သူမ အစာခိုးစားတာ အဖိုးမြင်ခဲ့ရင် သူမရဲ့ ဝမ်းဗိုက်ကို အဖိုးက ကန်ကျောက်တယ်လို့ ပြောပါတယ်။ သူမက နောက်ဆုံးမှာ ဆေးဝန်ထမ်းတွေဆီက အကူအညီရခဲ့ပြီး သေဆုံးဖို့ အချိန် ၁၀ မိနစ်ပဲ လိုတယ်လို့ ဆေးဝန်ထမ်းတွေက သူမကို ပြောပါတယ်။ မိန်းကလေးက မှန်ရှေ့မှာ ကြောက်မက်ဖွယ်ပုံတွေကို ဆယ်လ်ဖီရိုက်ခဲ့ပြီး အခုအချိန်မှာ ပုံတွေကို မျှဝေကာ အိမ်တွင်းအကြမ်းဖက်ခံရတဲ့ မိန်းကလေးတွေ အရမ်းနောက်မကျခင် အကူအညီ တောင်းဖို့ တိုက်တွန်းထားပါတယ်။ အရိုးပေါ်အရေတင် ပုံတွေအပြင် သူမရဲ့ လက်တလော ကျန်းမာ ပျော်ရွှင်နေတဲ့ ပုံတွေလည်း မျှဝေထားပါသေးတယ်။ [caption id="attachment_253043" align="aligncenter" width="800"] ပြန်လည်ကျန်းမာလာသည့်ပုံ(၀ဲ)[/caption] အဖိုးဘာဖြစ်သွားတယ်ဆိုတာ သူမက ပြောဆိုခြင်းမရှိပဲ လူမှုကွန်ရက်က အချို့လူတွေကတော့ ဒီပုံတွေဟာ ဖိုတိုရှော့နဲ့ ဖြတ်ညှပ်ကပ်လုပ်ထားတဲ့ပုံတွေလို့ ဝေဖန်ပြောနေပေမယ့် မိန်းကလေးက ဒီပုံတွေက အစစ်တွေလို့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ နောက်ထပ်ပုံတွေလည်း တင်ထားပြီး အဲ့ဒီပုံတွေက လွန်ခဲ့တဲ့ ၁၀ နှစ်က ကိုယ်အလေးချိန် အရမ်းကျသွားလို့ ဆေးရုံတက်တုန်း ဆေးကုသမှု ခံယူချိန် ရိုက်ထားတဲ့ပုံတွေလို့ သူမကပြောကြောင်း မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
3 years Ago
Up