မိန်းကလေးငယ်အား

September 23, 2017

မိန်းကလေးငယ်အား အဓမ္မကျင့်မှုဖြင့် အလိုရှိနေသည့် အမေရိကန်နိုင်ငံသားကို ထိုင်းရဲဖမ်းဆီး

ကလေးသူငယ်တွေအပေါ် လိင်ပိုင်း အလွဲသုံးစားလုပ်မှုအတွက် အမေရိကန်အစိုးရက လိုချင်နေတဲ့ အမေရိကန် နိုင်ငံသား ဂျက်ဆန် မက်သယူး ဟောကို ထိုင်းနိုင်ငံမှာ စက်တင်ဘာ ၂၂ ရက်နေ့က ဖမ်းမိခဲ့ပါတယ်။ သူ့ကို စစ်မေးဖို့ ကော့စမွေခရိုင် ရဲစခန်းကို ဒီနေ့ ခေါ်လာခဲ့ပါတယ်။ အသက် ၂၆နှစ်အရွယ် ဂျက်ဆန်ဟာ အမေရိကန် နိုင်ငံအတွင်း အသက် ၅ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်မှုနဲ့ ဝရမ်းပြေး စာရင်းထဲမှာ ရှိနေခဲ့တာပါ။ သူဟာ နိုင်ငံကူးလက်မှတ် အတုနဲ့ ထိုင်းနိုင်ငံထဲကို ထွက်ပြေးလာခဲ့တာ ဖြစ်ပါတယ်။ သူကတော့ မိန်းကလေးကို အဓမ္မမကျင့်ခဲ့ဘူးလို့ ငြင်းပါတယ်။ မိန်းကလေးကို လုံးဝ မတို့ထိခဲ့ဘူးဆိုတာ သူ့ရှေ့နေမှာ သက်သေရှိတယ်လို့လည်း သူက ပြောပါတယ်။ သူ့မှာ ထိုင်းနိုင်ငံအတွင်း ထိုင်းအမျိုးသမီးနဲ့ မိသားစု ရှိနေတယ်၊ ဇနီးသည်က ကိုယ်ဝန်ရှိနေလို့ ကလေးကို မထားခဲ့ချင်လို့ အမေရိကန်သံရုံးမှာ အဖမ်းမခံခဲ့တာလို့လည်း ပြောပါတယ်။ သူဟာ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ပုန်းအောင်းနေခဲ့ပြီး ဒေသခံကျောင်းမှာ အင်္ဂလိပ် ဆရာအဖြစ် အလုပ်လုပ်ခဲ့ပါသေးတယ်။ သူ ထိုင်းနိုင်ငံထဲ ဘယ်လို ဝင်လာခဲ့တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
4 years Ago
Up