မိန်းကလေးငယ်တဦး

January 6, 2018

မိန်းကလေးငယ်တဦး ရေဆိုးကန်ပေါက်ထဲ ပြုတ်ကျ သေဆုံး (ရုပ်သံ)

တရုတ်နိုင်ငံမှာ မိန်းကလေးငယ်တဦး ချောင်နေတဲ့ ရေဆိုးပေါက်အဖုံးပေါ် တက်နင်းမိပြီး အဆိပ်သင့် ရေဆိုးလှောင်ကန်ထဲ ပြုတ်ကျကာ သေဆုံးသွားတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံ တောင်ပိုင်း ဟိုနန်ခရိုင် မြို့တော် ဆန်ယာမှာ အသက် ၇ နှစ် အရွယ် မိန်းကလေးက လမ်းပေါ်လျှောက်ရင်း ရေဆိုးကန်ပေါက်ဖုံးပေါ် နင်းမိပြုတ်ကျကာ ကန်ထဲ ပိတ်မိခဲ့တာပါ။ ကယ်ဆယ်ရေးတွေက သူမကို ကယ်ဖို့ ကြိုးစားပေမယ့် အရမ်းနောက်ကျသွားပြီး မိန်းကလေး ရေနစ်နေတာပဲ တွေ့ခဲ့ကြပါတယ်။ စောင့်ကြည့်ကင်မရာထဲမှာ မိန်းကလေးငယ်က မိဘမပါဘဲ လမ်းပေါ် လျှောက်လာကာ သူမက ရေဆိုးကန်အဖုံးပေါ် နင်းမိပြီး ရုတ်တရက် အောက်ထဲ ပြုတ်ကျသွားတာ တွေ့ရပါတယ်။ ရုပ်သံထဲမှာလည်း အမည်မသိရတဲ့ မိန်းကလေးရဲ့ မြေပြင်ထဲ ပျောက်သွားတာကို မြင်ရပါတယ်။ မိန်းကလေးပျောက်သွားတာကို သိမှ စိုးရိမ်နေတဲ့ မိသားစုက ရဲကို ခေါ်ပြီး ရဲတွေက စောင့်ကြည့်ကင်မရာတွေကို စစ်ဆေးချိန် အဖြစ်အပျက်ကို သိရတယ်လို့ ဆိုပါတယ်။ ၉ ပေ ကျယ်ပြီး ၁၆ ပေနက်တဲ့ အဆိပ်သင့် ရေဆိုးလှောင်ကန်ထဲကနေ မိန်းကလေးကို ကယ်ဖို့ မီသတ်တပ်ဖွဲ့ကို ခေါ်ရပြီး မီးသတ်သမားတွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးတွေ ရေဆိုးကန်ထဲ ဆင်းသွားတာလည်း ရုပ်သံမှာ တွေ့ရပါတယ်။ မိန်းကလေးကိုတွေ့ဖို့ ၃ မိနစ်လောက်ပဲ ကြာပေမယ့် မိန်းကလေးကတော့ သေဆုံးနေပြီလို့ ဆိုပါတယ်။ အာဏာပိုင်တွေက ၂ ပေကျယ်တဲ့ ရေဆိုးကန်ပေါက်ထဲ မိန်းကလေး ဘယ်လို ကျလဲ စုံစမ်းနေပြီး သန့်ရှင်းရေးလုပ်သားတွေ အဖုံးကို သေသေချာချာ မဖုံးခဲ့တာဖြစ်မယ်လို့ သူတို့က ယူဆနေကြပါတယ်။ မိန်းကလေး ပြုတ်ကျချိန် အဲဒီနေရာနားမှာ သတိပေးဆိုင်းဘုတ်တွေ မထောင်ထားသလို မိန်းကလေးသေဆုံးပြီးတဲ့နောက် ဘယ်သူကိုမှလည်း ဖမ်းဆီးမှု မရှိသေးဘူးလို့ မေရာသတင်းမှာ ဇန်နဝါရီ ၅ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up