မိန်းကလေးငယ်

August 26, 2018

မိန်းကလေးငယ် အဓမ္မကျင့်အသတ်ခံရမှု အရေးယူပေးရေး ဆန္ဒပြပွဲကို ရဲကပစ်ခတ်၊ ၁ ဦးသေဆုံး

နီပေါနိုင်ငံမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတဦးကို အဓမ္မကျင့်သတ်ဖြတ်ခဲ့တဲ့ အမှုကို အရေးယူပေးဖို့ တောင်းဆိုဆန္ဒပြသူ လူအုပ်ထဲကို ရဲက ပစ်ခတ်နှိမ်နင်းခဲ့တာကြောင့် လူ ၁ ဦးသေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။ သြဂုတ် ၂၄ ရက်နေ့က အဲဒီဆန္ဒပြမှုမှာ အသက် ၁၇ နှစ်အရွယ် လူတစ်ယောက်သေဆုံးသွားပြီး၊ အချိန်အကန့်အသတ်မရှိ ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ထားတယ်လို့ နီပေါရဲအရာရှိတဦးကပြောကြားပါတယ်။ အဲဒီပြစ်မှုမှာ ပြစ်မှုကျူးလွန်သူကို ရဲက အကာအကွယ်ပေးနေတယ်လို့ စွပ်စွဲပြောကြားထားပြီး အခုလို တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။ အခုနှစ် ဇူလိုင်လ နှောင်းပိုင်းက နီမာလာ ပန်တာဆိုသူ  အသက် ၁၃ နှစ်အရွယ် ကျောင်းသူတစ်ဦး ပျေက်ဆုံးသွားခဲ့ပြီး ရုပ်အလောင်းကို ကြံခင်းထဲမှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ အဲဒီအမှုနဲ့ ပတ်သက်ပြီး ရဲက အမှန်တကယ်ကျူးလွန်တဲ့ တရားခံကို ဖမ်းဆီးခြင်းမရှိဘဲ၊ စာသင်ကြားရာမှာ အလွန်အခက်အခဲရှိနေတဲ့ ပုံမှန်မဟုတ်တဲ့ လူတဦးကို ဖမ်းဆီးခဲ့ပါတယ်။ ရဲဟာ အမှန်တကယ်ပြစ်မှုကျူးလွန်သူကို အကာအကွယ်ပေးဖို့ အဲဒီလူကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တာလို့ ဆန္ဒပြသူတွေက ပြောကြားပါတယ်။ နီပေါအစိုးရဟာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ အဓမ္မကျင့်မှုတွေကို အသေအချာ ကိုင်တွယ်ဖြေရှင်းတာမျိုးမရှိဘူးလို့လည်း အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတဦးက ပြောကြားပါတယ်။ ဒါ့အပြင် အဓမ္မကျင့်မှုနဲ့ စွပ်စွဲခံနေရသူကို အစိုးရက အကာအကွယ်ပေးနေတယ်လို့လည်း သူက ဆက်လက်ပြောကြားပါတယ်။ အခုအရေးနဲ့ပတ်သက်ပြီး နီပေါနိုင်ငံတဝန်း ဆန္ဒပြကြဖို့ စီစဉ်ထားပြီး မြို့တော် ခတ္တမန္ဒူ မြို့မှာလည်း လူ ၁,၅ဝဝ လောက် အသံတိတ်ဆန္ဒပြခဲ့ကြပါတယ်။ နီပေါ ရဲတပ်ဖွဲ့ကထုတ်ပြန်တဲ့ တရားဝင် စာရင်းတွေအရ ၂ဝ၁၇ ခုနှစ်မှာ အဓမ္မကျင့်မှု ၁,၄၈ဝ ရှိပြီး၊ ၂ဝ၁၆ ခုနှစ်ကထက် နှစ်ဆတိုးလာတာဖြစ်ပါတယ်။ ရဲကို မတိုင်ကြားတဲ့ အဓမ္မမှုတွေလည်း အများကြီး ရှိနိုင်တယ်လို့လည်း တက်ကြွလှုပ်ရှားသူတွေက ပြောကြားထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် pattayaone သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago

August 8, 2018

မိန်းကလေးငယ်ကို ၁၅ နှစ်ကြာ ဖမ်းထားသည့် နတ်ဆရာအား လိင်ပိုင်းပြစ်မှုဖြင့် တရားစွဲ

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းမှာ မိန်းကလေးတဦးကို ၁၅ နှစ်ကြာ ဖမ်းဆီးထားတဲ့ နတ်ဆရာတဦးကို  လိင်ပိုင်းဆိုင်ရာ ပြစ်မှုတွေနဲ့ တရားစွဲလိုက်ပါတယ်။ နတ်ဆရာ ဖမ်းဆီးထားတဲ့ မိန်းကလေးကတော့ ပြန်လည်လွတ်မြောက်သွားပြီ ဖြစ်ပါတယ်။ အသက် ၈၃ နှစ်အရွယ် နတ်ဆရာတဦးဟာ ၂၀၀၃ ခုနှစ်က အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို ဖမ်းဆီးထားပြီး သူဟာ နတ်ဘုရားတွေရဲ့ ဆက်ခံသူအဖြစ် ယုံကြည်လာအောင် အတင်းအကျပ် စည်းရုံးသိမ်းသွင်းခဲ့တာပါ။ ဒါ့အပြင် နတ်ဆရာဟာ အဲဒီအမျိုးသမီးကို ဆယ်နှစ်ကျော် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီအတွက် အဲဒီနတ်ဆရာကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ဥပဒေ၊ ကလေးသူငယ် ကာကွယ်ရေး ဥပဒေတွေနဲ့ တရားစွဲထားတယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
More News
Up