မိန့်ခွန်း

February 5, 2020

သမ္မတထရမ့်၏မိန့်ခွန်းကို အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပယ်လိုစီ ဆုတ်ဖြဲ (ရုပ်သံ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဖေဖော်ဝါရီ ၄ ရက်က အမေရိကန်ကွန်ဂရက်မှာ တတိယအကြိမ် ပြည်ထောင်စုမိန့်ခွန်းကို ပြောကြားပါတယ်။ အဲဒီအခမ်းအနားမှာ သမ္မတထရမ့်က အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပယ်လိုစီ လက်ဆွဲ နှုတ်ဆက်ဖို့ လက်ကမ်းတာကို မသိကျိုးကျွန်ပြုခဲ့သလို နန်စီပယ်လိုစီကလည်း သမ္မတထရမ့်ရဲ့ မိန့်ခွန်းစာရွက်ကို  ဆုတ်ဖြဲပစ်ခဲ့ပါတယ်။  မိနစ် ၈၀ ကြာတဲ့ မိန့်ခွန်းမှာ သမ္မတထရမ့်က အထက်လွှတ်တော်မှာ သူ့ကို  ပြစ်တင် စွပ်စွဲတဲ့အကြောင်းကို ထည့်မပြောခဲ့ပါဘူး။  ပြည်ထောင်စုမိန့်ခွန်းမှာ ထရမ့်က “အမေရိက ပြန်ပြီးကြီးမြတ်လာရေး”ကို ကြိုဆိုတယ်လို့ ပြောကြားလိုက်ပါတယ်။ ထရမ့်  ကွန်ဂရက်မိန့်ခွန်း ပြောနေချိန်မှာ ရီပတ်ဘလီကန်အမတ်တွေနဲ့ ဒီမိုကရက် အမတ်တွေကြားက မကျေလည်တာတွေကို အထင်အရှား မြင်တွေ့ရပါတယ်။  ထရမ့် မိန့်ခွန်းပြောနေချိန် ရီပတ်ဘလီကန်တွေက မတ်တတ်ရပ် သြဘာပေးခဲ့ပေမယ့် ပြိုင်ဘက် ဒီမိုကရက်အများစုကတော့ နေရာမှာ ထိုင်မြဲထိုင်ခဲ့တာပါ။  ပြစ်တင်စွပ်စွဲ ကြားနာမှုမှာ  ရီဘတ်ဘလီကန် ကြီးစိုးတဲ့ အထက်လွှတ်တော်က သမ္မတ ထရမ့်ကို ဖေဖော်ဝါရီ ၅ ရက်မှာ တရားသေ လွှတ်ပေးမယ်လို့ မျှော်လင့်ရပါတယ်။   ဒီမိုကရက်ကြီးစိုးတဲ့ အောက်လွှတ်တော်က သမ္မတထရမ့်ကို အာဏာအလွဲသုံးမှု၊ ကွန်ဂရက်ကို တားဆီးမှု စွဲချက်နှစ်ခုနဲ့ ပြစ်တင်စွပ်စွဲထားပါတယ်။ သမ္မတထရမ့် မိန့်ခွန်းအတွင်း အာဖဂန်နစ္စတန်က အမေရိကန် တပ်ဖွဲ့ဝင်တွေ ရုပ်သိမ်းပြီး မိသားစုနဲ့ ပြန်ပေါင်းစည်းရေးကို တိုက်တွန်းခဲ့ပါတယ်။  အမေရိကန် သမ္မတထရမ့်ရဲ့ ပြည်ထောင်စုမိန့်ခွန်းကို တက်ရောက် နား‌ထောင်သူတွေထဲမှာ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုလည်း ပါဝင်ခဲ့ပါတယ်။
1 year Ago
Up