မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း

April 2, 2018

မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းတွင် ၁၀ ဘီးကား ချောင်းထဲထိုးကျ၊ ၂ ဦး သေဆုံး

မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမှာ ၁၀ ဘီးကားတစီး ချောင်းထဲထိုးကျလို့ ၂ ဦး သေဆုံးသွားတယ်လို့ ရဲက ပြောပါတယ်။ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း မိုင်တိုင် ၁၂/၅ နဲ့ ၆ အကြားမှာ  ဧပြီ ၁ ရက်နေ့က ၁၀ ဘီးကားတစီး အရှိန်မထိန်းနိုင်ဘဲ သရက်ပင်ချောင်းအတွင်း ထိုးကျခဲ့တာလို့ ရှမ်းမငယ်ရွာရဲစခန်းမှူးက ပြောပါတယ်။ "မန္တလေးကို သွားမယ့်ကားပါ။ တံတားဘယ်ဘက်လက်ရန်းတွေတိုက်ပြီး ချောင်းထဲကျတယ်။ ကားက ပက်လက်လန်သွားတယ်။ ယာဉ်မောင်း ကိုဝင်းစိုးနဲ့ ယာဉ်နောက်လိုက် ကိုပြည့်စုံတို့ ၂ ဦးလုံး အခင်းဖြစ်နေရာတင် သေဆုံးကြတယ်။ ရန်အောင်မြင် ပရဟိတကား နဲ့ မိတ္ထီလာဆေးရုံ ပို့ပေးရတယ်။" မိတ္ထီလာရှမ်းမငယ်ရွာ ရဲစခန်းက သေဆုံးသွားတဲ့ ယာဉ်မောင်း ကိုဝင်းစိုးအား ယာဉ်မဆင်မခြင်မောင်းနှင်မှုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
4 years Ago
Up