မိတ်ဖက်ဖြစ်မှု

August 31, 2020

ဂျပန်-အမေရိကန် နှစ်နိုင်ငံမိတ်ဖက်ဖြစ်မှု ဆက်ပြီးတည်မြဲနေမည်ဟု ဂျပန်အစိုးရ ထုတ်ပြန်

ရာထူးက နုတ်ထွက်ပြီးခဲ့ရင်တောင် ဂျပန်-အမေရိကန် နှစ်နိုင်ငံ မိတ်ဖက်ဖြစ်မှု အားဖြည့်ရေးက ဆက်ပြီးတည်မြဲနေလိမ့်မယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ပြောခဲ့တယ်လို့ ဂျပန်အစိုးရက သြဂုတ် ၃၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ အူယောင်တဲ့ ဝေဒနာကို ကာလကြာရှည် ခံစားနေရတဲ့ ဝန်ကြီးချုပ် အာဘေးဟာ ကျန်းမာရေး ချို့တဲ့လာတာကြောင့် တာဝန်က အနားယူခဲ့တယ်လို့ သြဂုတ် ၂၈ ရက်မှာ ကြေညာခဲ့တာပါ။ ဒါကြောင့် ဂျပန်မှာ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်အဖြစ်ကနေ အဆုံးသတ်ခဲ့ပါတယ်။ ဝန်ကြီးချုပ် အာဘေးဟာ အမေရိကန်သမ္မတ ထရမ့်နဲ့ မနက်ခင်းက မိနစ် ၃၀ လောက် စကားပြောခဲ့ကာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးနဲ့ မြောက်ကိုရီးယားအရေးတို့အပေါ် အမြင်တွေကို ဖလှယ်ခဲ့တယ်လို့ အစိုးရအဖွဲ့အတွင်းရေးမှူး ယိုရှိဟိဒဲစုငါ့က ပြောပါတယ်။ ပဲ့ထိန်းဒုံးကျည်နဲ့ ပစ်ခတ်မှုတွေကို ဟန့်တားရေးအတွက် ပစ်ခတ်နိုင်စွမ်းရှိတဲ့ လက်နက်တွေ လိုအပ်မှုကို ထည့်စဉ်းစားဖို့ အဆိုပြုချက်ကို လက်ရှိအာဏာရပါတီကော်မတီက အတည်ပြုအပြီးမှာ မြောက်ကိုရီးယားဆီကို ပစ်ခတ်နိုင်တဲ့ လက်နက်တွေရရေး ဇူလိုင်လကတည်းက ဂျပန်ဟာ ခြေလှမ်းတွေ ရှေ့တိုးဆောင်ရွက်နေခဲ့တာပါ။ အာဘေးကို ဆက်ခံမယ့် ခေါင်းဆောင်သစ်ရွေးဖို့ လက်ရှိ အာဏာရလစ်ဘရယ်ဒီမိုကရက် ပါတီဟာ စက်တင်ဘာ ၁၄ ရက်မှာ မဲပေးမယ်လို့ ဂျိဂျိသတင်းဌာနက အစီရင်ခံထားပါတယ်။
1 year Ago
Up