မိတ်ကပ်လိုအပ်ချက်ကြောင့်

September 21, 2019

မိတ်ကပ်လိုအပ်ချက်ကြောင့် လေဆိပ်မှာ အဖမ်းခံလိုက်ရတဲ့ အယောင်ဆောင်အိန္ဒိယသား

အသက် ၈၁ နှစ်ရွယ်ဟန်ဆောင်ပြီး ပတ်စ်ပို့အတုနဲ့အမေရိကန်ကို ထွက်ခွာမယ့်သူတဦးဟာ မိတ်ကပ်မသေသပ်မှုကြောင့် ဒေလီလေဆိပ်လုံခြုံရေးတွေက ဖော်ထုတ်ဖမ်းဆီးနိုင်လိုက်ပါတယ်။  ဒီလိုလိမ်ညာဟန်ဆောင်သူဟာ အသက် ၃၂ နှစ်အရွယ်သာရှိသေးတဲ့ ဂျာရတ်ပတဲဆိုသူပါ။ သူဟာ အမေရိကားကိုသွားပြီး ဘဝအသစ်တခုစတင်ချင်ပေမယ့် သူ့ဗီဇာဟာ ပယ်ချခံလိုက်ရပါတယ်။  ဒါ့ကြောင်မို့ သူဟာ တခြားနည်းနဲ့ သွားရောက်ခွင့်ရဖို့ကြံစည်ခဲ့တာဖြစ်ပြီး ချို့ယွင်းချက်အနည်းငယ်ကြောင့် လေယာဉ်ပေါ်တက်မယ့် ဆဲဆဲမှာပဲ ဖမ်းဆီးခံလိုက်ရတယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့ OC သတင်းမှာ ဖော်ပြပါတယ်။ ဗီဇာပယ်ချခံလိုက်ရပြီးတဲ့နောက် ပတဲဟာ အထူးအေးဂျင့်တဦးကို ငှားရမ်းပြီး အကူအညီတောင်းခဲ့ပါတယ်။ ဒီအေဂျင်စီက သူ့အတွက် ပတ်စ်ပို့အတုတခုကိုပြုလုပ်ပေးခဲ့ပြီး ဒီပတ်စ်ပို့မှာတော့ ပတဲကို အသက် ၈၁ နှစ်အရွယ် အမ်းမရစ်ဆင်းအဖြစ် ပုံစံပြောင်းလဲပေးထားပါတယ်။  အဲ့ဒီနောက်မှာ လေဆိပ်မလာခင် မိတ်ကပ်ပညာရှင်တဦးနဲ့အတူ ပတဲကို အသက်ကြီးတဲ့ပုံစံမျိုး ပေါက်အောင် ရုပ်ဖျက်ခဲ့ပါသေးတယ်။  ပတဲဟာ အဖြူရောင်ဝတ်စုံ အဖြူရောင်ခေါင်းပေါင်းတို့ကို ဝတ်ဆင်ပြီး ဝှီးချဲတခုနဲ့အတူ လေဆိပ်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။  အဖြူရောင်ဆံပင်၊ အညိုရောင်မုတ်ဆိတ်၊ ပါးသိုင်းမွေးတွေနဲ့ ရုပ်ဖျက်ထားတဲ့ ပတဲဟာ လေဆိပ်အဝင်အဝက လုံခြုံရေးကို ကောင်းကောင်းကြီးလှည့်စားနိုင်ခဲ့ပေမယ့် ဗဟို လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုတော့ လှည့်စားဖို့ မစွမ်းသာခဲ့ပါဘူး။  သူ့အသံက အသက်အရွယ်အထက်ပိုပြီး နုပျိုနေတာ၊ မျက်နှာပေါ်မှာ အရေအကြောင်းတွေ နည်းပါးနေတာကို သတိပြုမိခဲ့ပြီး လုံခြုံရေးတွေက သူ့ကို စစ်ဆေးခဲ့တာပဲဖြစ်ပါတယ်။  အစပိုင်းမှာ ပတဲက သူဟာ အမ်းမရစ်ဆင်းဖြစ်တယ်လို့ ဘူးခံခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အမေရိကားကို သွားခွင့်ရဖို့ အယောင်ဆောင်ခဲ့တာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။  ပတဲက အမေရိကားမှာ အခြေချခွင့်ရဖို့အတွက် သူလုပ်ခဲ့တာတွေအားလုံးကို ရဲတပ်ဖွဲ့ထံမှာ ဝန်ခံခဲ့ပြီး သူ့ကိုရုပ်ဖျက်ပေးတဲ့ အေးဂျင့်က အဖိုးကြီးတဦးလို ဘယ်လိုလှုပ်ရှားရမလဲဆိုတာပါ သင်ပေးခဲ့တယ်လို့ ပြောပါတယ်။ ========================= မိတ္ကပ္လိုအပ္ခ်က္ေၾကာင့္ ေလဆိပ္မွာ အဖမ္းခံလိုက္ရတဲ့ အေယာင္ေဆာင္အိႏၵိယသား DVB အသက္ ၈၁ ႏွစ္႐ြယ္ဟန္ေဆာင္ၿပီး ပတ္စ္ပို႔အတုနဲ႔အေမရိကန္ကို ထြက္ခြာမယ့္သူတဦးဟာ မိတ္ကပ္မေသသပ္မႈေၾကာင့္ ေဒလီေလဆိပ္လုံၿခဳံေရးေတြက ေဖာ္ထုတ္ဖမ္းဆီးႏိုင္လိုက္ပါတယ္။ ဒီလိုလိမ္ညာဟန္ေဆာင္သူဟာ အသက္ ၃၂ ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဂ်ာရတ္ပတဲဆိုသူပါ။ သူဟာ အေမရိကားကိုသြားၿပီး ဘဝအသစ္တခုစတင္ခ်င္ေပမယ့္ သူ႔ဗီဇာဟာ ပယ္ခ်ခံလိုက္ရပါတယ္။ ဒါ့ေၾကာင္မို႔ သူဟာ တျခားနည္းနဲ႔ သြားေရာက္ခြင့္ရဖို႔ႀကံစည္ခဲ့တာျဖစ္ၿပီး ခ်ိဳ႕ယြင္းခ်က္အနည္းငယ္ေၾကာင့္ ေလယာဥ္ေပၚတက္မယ့္ ဆဲဆဲမွာပဲ ဖမ္းဆီးခံလိုက္ရတယ္လို႔ စက္တင္ဘာ ၁၈ ရက္ေန႔ OC သတင္းမွာ ေဖာ္ျပပါတယ္။ ဗီဇာပယ္ခ်ခံလိုက္ရၿပီးတဲ့ေနာက္ ပတဲဟာ အထူးေအးဂ်င့္တဦးကို ငွားရမ္းၿပီး အကူအညီေတာင္းခဲ့ပါတယ္။ ဒီေအဂ်င္စီက သူ႔အတြက္ ပတ္စ္ပို႔အတုတခုကိုျပဳလုပ္ေပးခဲ့ၿပီး ဒီပတ္စ္ပို႔မွာေတာ့ ပတဲကို အသက္ ၈၁ ႏွစ္အ႐ြယ္ အမ္းမရစ္ဆင္းအျဖစ္ ပုံစံေျပာင္းလဲေပးထားပါတယ္။ အဲ့ဒီေနာက္မွာ ေလဆိပ္မလာခင္ မိတ္ကပ္ပညာရွင္တဦးနဲ႔အတူ ပတဲကို အသက္ႀကီးတဲ့ပုံစံမ်ိဳး ေပါက္ေအာင္ ႐ုပ္ဖ်က္ခဲ့ပါေသးတယ္။ ပတဲဟာ အျဖဴေရာင္ဝတ္စုံ အျဖဴေရာင္ေခါင္းေပါင္းတို႔ကို ဝတ္ဆင္ၿပီး ဝွီးခ်ဲတခုနဲ႔အတူ ေလဆိပ္ထဲကို ဝင္ေရာက္လာခဲ့ပါတယ္။ အျဖဴေရာင္ဆံပင္၊ အညိဳေရာင္မုတ္ဆိတ္၊ ပါးသိုင္းေမြးေတြနဲ႔ ႐ုပ္ဖ်က္ထားတဲ့ ပတဲဟာ ေလဆိပ္အဝင္အဝက လုံၿခဳံေရးကို ေကာင္းေကာင္းႀကီးလွည့္စားႏိုင္ခဲ့ေပမယ့္ ဗဟို လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြကိုေတာ့ လွည့္စားဖို႔ မစြမ္းသာခဲ့ပါဘူး။ သူ႔အသံက အသက္အ႐ြယ္အထက္ပိုၿပီး ႏုပ်ိဳေနတာ၊ မ်က္ႏွာေပၚမွာ အေရအေၾကာင္းေတြ နည္းပါးေနတာကို သတိျပဳမိခဲ့ၿပီး လုံၿခဳံေရးေတြက သူ႔ကို စစ္ေဆးခဲ့တာပဲျဖစ္ပါတယ္။ အစပိုင္းမွာ ပတဲက သူဟာ အမ္းမရစ္ဆင္းျဖစ္တယ္လို႔ ဘူးခံခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ အေမရိကားကို သြားခြင့္ရဖို႔ အေယာင္ေဆာင္ခဲ့တာျဖစ္ေၾကာင္း ဝန္ခံခဲ့ပါတယ္။ ပတဲက အေမရိကားမွာ အေျခခ်ခြင့္ရဖို႔အတြက္ သူလုပ္ခဲ့တာေတြအားလုံးကို ရဲတပ္ဖြဲ႕ထံမွာ ဝန္ခံခဲ့ၿပီး သူ႔ကို႐ုပ္ဖ်က္ေပးတဲ့ ေအးဂ်င့္က အဖိုးႀကီးတဦးလို ဘယ္လိုလႈပ္ရွားရမလဲဆိုတာပါ သင္ေပးခဲ့တယ္လို႔ ေျပာပါတယ္။
2 years Ago
Up