မိတ္ထီလာတွင် ပရိုဘောက်ကားနှင့် ဆိုင်ကယ် ၂ စီးတိုက်မိ၊  ၂ ဦး သေဆုံး

August 7, 2019

မိတ္ထီလာတွင် ပရိုဘောက်ကားနှင့် ဆိုင်ကယ် ၂ စီးတိုက်မိ၊  ၂ ဦး သေဆုံး

မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း မိုင်တိုင် ၁၆/၆ နဲ့ ၇ အကြား မိတ္ထီလာမြို့နယ် ညောင်ပင်သာရွာအနီးမှာ သြဂုတ် ၆ ရက်ညနေက ပရိုဘောက်ကား ရှေ့ဘီးပေါက်ပြီး ဆိုင်ကယ် ၂ စီးအား တိုက်မိရာ ၂ ဦး ဒဏ်ရာရပြီး ၂ ဦး သေဆုံးသွားတယ်လို့ အလယ်ရွာရဲစခန်းက ပြောပါတယ်။ အလယ်ရွာရဲစခန်းတာဝန်ကျ ရဲဝန်ထမ်းတဦးက "ပရိုဘောက်ကား ဘယ်ဘက်ရှေ့ဘီး ပေါက်တယ်၊ ဆိုင်ကယ် ၂ စီးကို တိုက်မိသွားတယ်။ အခင်းဖြစ်နေရာတင် ၂ ဦးသေဆုံးတယ်။ ၂ ဦးဒဏ်ရာရသွားတယ်။ မိတ္ထီလာဆေးရုံ ပို့ပေးရတယ်" လို့ ပြောပါတယ်။ မလှိုင်မြို့နယ် ဆည်တိုရွာနေ ပြင်ပဘော်ဒါဆရာ ကိုဆန်းညွှန့်ဝင်း (၄၃ နှစ်) မောင်းလာတဲ့ ပရိုဘောက်ကား ရှေ့ဘီးပေါက်ပြီး ဆိုင်ကယ် ၂ စီးကို ဆင့်ကဲ တိုက်မိတာပါ။ ကားတိုက်မိတာကြောင့် ဆိုင်ကယ်စီးလာတဲ့ မိတ္ထီလာမြို့နယ် အောင်းကန်ရွာနေ ကိုမင်းမင်း(၃၆နှစ်) နဲ့ ဇနီးဖြစ်သူ မသဲမာ (၃၀နှစ်) တို့ အခင်းဖြစ်နေရာတင် သေဆုံးသွားပြီး ကိုဆန်းလွင်နဲ့ သမီးဖြစ်သူ မတင်တင်စိုးတို့ ၂ ဦး ဒဏ်ရာရခဲ့တာပါ။ မိတ္ထီလာမြို့နယ် အလယ်ရွာရဲစခန်းမှာ ကိုဆန်းညွှန့်ဝင်းကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု၊ သာမန်ဒဏ်ရာရမှု၊ ပြင်းထန်ဒဏ်ရာရစေမှု၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ တို့နဲ့ ဖမ်းဆီးအရေးယူထားပါတယ်။
မိတၳီလာတြင္ ပ႐ိုေဘာက္ကားႏွင့္ ဆိုင္ကယ္ ၂ စီးတိုက္မိ၊ ၂ ဦး ေသဆုံး DVB မိတၳီလာ-ေက်ာက္ပန္းေတာင္းလမ္း မိုင္တိုင္ ၁၆/၆ နဲ႔ ၇ အၾကား မိတၳီလာၿမိဳ႕နယ္ ေညာင္ပင္သာ႐ြာအနီးမွာ ၾသဂုတ္ ၆ ရက္ညေနက ပ႐ိုေဘာက္ကား ေရွ႕ဘီးေပါက္ၿပီး ဆိုင္ကယ္ ၂ စီးအား တိုက္မိရာ ၂ ဦး ဒဏ္ရာရၿပီး ၂ ဦး ေသဆုံးသြားတယ္လို႔ အလယ္႐ြာရဲစခန္းက ေျပာပါတယ္။ အလယ္႐ြာရဲစခန္းတာဝန္က် ရဲဝန္ထမ္းတဦးက "ပ႐ိုေဘာက္ကား ဘယ္ဘက္ေရွ႕ဘီး ေပါက္တယ္၊ ဆိုင္ကယ္ ၂ စီးကို တိုက္မိသြားတယ္။ အခင္းျဖစ္ေနရာတင္ ၂ ဦးေသဆုံးတယ္။ ၂ ဦးဒဏ္ရာရသြားတယ္။ မိတၳီလာေဆး႐ုံ ပို႔ေပးရတယ္" လို႔ ေျပာပါတယ္။ မလႈိင္ၿမိဳ႕နယ္ ဆည္တို႐ြာေန ျပင္ပေဘာ္ဒါဆရာ ကိုဆန္းၫႊန႔္ဝင္း (၄၃ ႏွစ္) ေမာင္းလာတဲ့ ပ႐ိုေဘာက္ကား ေရွ႕ဘီးေပါက္ၿပီး ဆိုင္ကယ္ ၂ စီးကို ဆင့္ကဲ တိုက္မိတာပါ။ ကားတိုက္မိတာေၾကာင့္ ဆိုင္ကယ္စီးလာတဲ့ မိတၳီလာၿမိဳ႕နယ္ ေအာင္းကန္႐ြာေန ကိုမင္းမင္း(၃၆ႏွစ္) နဲ႔ ဇနီးျဖစ္သူ မသဲမာ (၃၀ႏွစ္) တို႔ အခင္းျဖစ္ေနရာတင္ ေသဆုံးသြားၿပီး ကိုဆန္းလြင္နဲ႔ သမီးျဖစ္သူ မတင္တင္စိုးတို႔ ၂ ဦး ဒဏ္ရာရခဲ့တာပါ။ မိတၳီလာၿမိဳ႕နယ္ အလယ္႐ြာရဲစခန္းမွာ ကိုဆန္းၫႊန႔္ဝင္းကို ယာဥ္မဆင္မျခင္ေမာင္းလို႔ လူေသဆုံးမႈ၊ သာမန္ဒဏ္ရာရမႈ၊ ျပင္းထန္ဒဏ္ရာရေစမႈ၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၃၃၇/၃၃၈ တို႔နဲ႔ ဖမ္းဆီးအေရးယူထားပါတယ္။
2 years Ago
Up