မိတ္ထီလာခရိုင်

A d v e r t i s e m e n t With Us

December 23, 2020

မိတ္ထီလာခရိုင်တွင် လယ်ယာမြေလုပ်ပိုင်ခွင့် အမည်ပြောင်းနိုင်ရန် တန်ဖိုးနှုန်းထား ထွက်ရှိ

မန္တလေးတိုင်း မိတ္ထီလာခရိုင် ဝမ်းတွင်း၊ မလှိူင်၊ သာစည်၊ မိတ္ထီလာ ၄ မြို့နယ်မှာ လယ်ယာမြေဇုန်နှူန်းထားတွေ ထွက်လာတာကြောင့် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ ၇ အမည်ပြောင်းတွေ လုပ်ဆောင်နိုင်တော့မယ်လို့ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ပြောပါတယ်။ လယ်ယာမြေတွေကို လမ်းပန်းဆက်သွယ်မှူ ရေရရှိမှူတွေပေါ်မူတည်ပြီး ပထမတန်းစား၊ ဒုတိယတန်းစား၊ တတိယတန်းစား အမြင့်ဆုံးနှူန်းနဲ့ အနိမ့်ဆုံးနှူန်းဆိုပြီး ၆ မျိုး တန်ဖိုးသင့်ခွဲခြားထားတယ်လို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဆန်းက ပြောပါယ်။ “ရောင်းဝယ်ငှား အမွေခွဲ အပေးအကမ်းတွေကို ပုံစံ ၇ အမည်ပြောင်းမယ်ဆိုရင် အဆင့် ၄ ဆင့် လုပ်ရမယ်။ မြေပုံရေးကူးမယ်၊ မူရင်းပုံစံရတင်ပြမယ်၊ မြေနေရာသက်သေခံ ၁၀၅/၁၀၆ တင်ပြမယ်၊ သတ်မှတ်ဇုန်နှုန်းနဲ့ ရပ်ကျေးလယ်စီမှာ စာချုပ်ချုပ်ဆိုရမယ်၊ အဲဒါတွေပြီးရင် မြေစာရင်းဌာနကိုတင်ရမယ်။ မြေစာရင်းဌာနကနေ မြို့နယ်လယ်စီကိုတင်ပြမယ်၊ မြို့နယ်လယ်စီက ခွင့်ပြုရင် အမည်ပြောင်းလို့ရပြီ။ လယ်ယာမြေဥပဒေအရ ၂ ရာနှုန်း၊ အခွန်ဥပဒေအရ ၂ ရာနှူန်း စာချုပ်စာတမ်းက သုည ဒသမ ၅ ရာနှုန်းဆိုတော့ ၄ ဒသမ ၅ ရာနှုန်း အခွန်ဆောင်ရမယ်" လို့ ပြောပါတယ်။ တောင်သူဦးလင်းအောင်က “ဝမ်းသာစရာပါဗျာ။ ရွာမှာ မြေလေး ဝယ်ထားတယ် ပုံစံ ၇ အမည်မပေါက်သေးတော့ စိုက်ဘဏ်ထုတ်မရဘူး ဖြစ်နေတယ်။ ရွာတွေမှာ ပုံစံ ၇ အမည်ပြောင်းချင်သူတွေ အများကြီးပဲ၊ ဇုန်နှုန်းမထွက်သေးလို့ အမည်ပြောင်းမရ ဖြစ်နေတာ ကြာပြီပေါ့။ အခွန်တံဆိပ်ခေါင်းတွေ ကပ်ရမှာဆိုတော့ အခွန်တံဆိပ်ခေါင်း လောက်ငမှ ဖြစ်မယ် ထင်တယ်” လို့ ပြောပါတယ်။ လယ်ယာမြေဥပဒေအသစ်ရ လယ်ယာမြေတွေကို ရောင်းဝယ်၊ ပေါင်၊ ငှား လုပ်ခွင့် ပြုခဲ့ပါတယ်။ တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ ရှမ်းပြည်နယ်က ပထမဆုံး လယ်ယာမြေရဲ့တန်ဖိုးဇုန်နှုန်း စတင်ထွက်ခဲ့ပြီး ၂ နှစ်နီးပါးအကြာမှ မန္တလေးတိုင်းအနေနဲ့ လယ်ယာမြေရဲ့ တန်ဖိုးဇုန်နှုန်း ထွက်လာခဲ့တာပါ။  မိတ္ထီလာခရိုင်ထဲမှာ လယ်ယာမြေတွေကို အရောင်းအဝယ် အမွေခွဲ အပေးအကမ်း တွေရှိနေခဲ့ပြီး လယ်ယာမြေရဲ့ တန်ဖိုးဇုန်နှုန်း မထွက်ရှိသေးတာကြောင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ ၇ အမည်ပြောင်းမရတဲ့ အခက်အခဲဖြစ်နေကြပြီး အခုလို လယ်ယာမြေရဲ့ တန်ဖိုးဇုန်နှုန်း ထွက်လာတာကြောင့် အမည်ပြောင်းချင်သူတွေ ဝမ်းသာနေကြတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - မောင်မောင်လင်း
1 month Ago

October 31, 2020

မိတ္ထီလာခရိုင်၌ ၂ ရက်အတွင်း ကြိုတင်မဲပေးသူ ၁၇၀၀၀ ကျော်ရှိ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင် မြို့နယ် ၄ ခုမှာ အောက်တိုဘာ ၂၉ ရက်နဲ့ ၃၀ ရက် ၂ ရက်အတွင်း အသက် ၆၀ နဲ့ အထက်ကြိုတင်မဲပေးသူ ၁၇၀၀၀ ကျော်ရှိပြီလို့ သိရပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးရုံးတာဝန်ကျဝန်ထမ်း ၁ ဦးက "အောက်တိုဘာလ ၂၉ ရက်မှာ  ၄ မြို့နယ်လုံးက ကြိုတင်မဲပေးသူ ၅ ထောင်ကျော် ရှိခဲ့တယ်။ ဒီနေ့မှာတော့ ၁ သောင်း ၂ ထောင်ကျော်အထိ ရှိလာတယ်" လို့ ပြောပါတယ်။   အောက်တိုဘာလ ၂၉ ရက်မှာ မိတ္ထီလာမြို့နယ်မှာ ကြိုတင်မဲ ၂၀၀၀ ကျော်၊ မလှိူင်မှာ ၉၀၀ ကျော်၊ သာစည်မှာ ၁၂၀၀ နဲ့ ဝမ်းတွင်းမှာ ၁၃၀၀ ကျော် ပေါင်း ၅၀၀၀ ကျော်ရှိခဲ့တာပါ။   အောက်တိုဘာလ ၃၀ ရက်နေ့မှာတော့ မိတ္ထီလာမှာ ကြိုတင်မဲ ၆၀၀၀ ကျော်၊ မလှိူင်မှာ ၂၀၀၀ ကျော်၊ သာစည်မှာ ၂၀၀၀ ကျော်၊ ဝမ်းတွင်းမှာ ၁၇၀၀ ကျော် ပေါင်း ၁၂၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ခရိုင်တခုလုံးမှာ ကြိုတင်မဲပေးမယ့်သူ အရေအတွက် ၁ သိန်း ၂ သောင်းကျော်ရှိတယ်လို့ သိရပါတယ်။ အသက် ၆၀ နဲ့ အထက် မဲဆန္ဒရှင်တွေကို အောက်တိုဘာ ၂၉ ရက်ကစပြီး နိုဝင်ဘာ ၅ ရက်အထိ ကြိုတင်မဲပေးနိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားတာပါ။  မောင်မောင်လင်း
3 months Ago
More News
Up