မိတ္ထီလာကန်ဘောင်

A d v e r t i s e m e n t With Us

June 21, 2020

မိတ္ထီလာကန်ဘောင်တွင် အလှထားရှိသည့် ပန်းအိုး ၃၉ လုံး တွန်းလှဲဖျက်ဆီးခံရ

မန္တလေးတိုင်း မိတ္ထီလာမြို့ မိတ္ထီလာကန် မြင်းခြံဘက်အထွက်လမ်းက ဝန်ဇင်းကန်ဘောင်ပေါ်မှာ အလှထားတဲ့ ပန်းအိုး ၃၉ လုံး ဇွန်လ ၂၀ ရက်နေ့က တွန်းလှဲဖျက်ဆီးခံထားရတယ်လို့ မိတ္ထီလာစည်ပင်က ပြောပါတယ်။ မိတ္ထီလာစည်ပင်သာယာကော်မတီအဖွဲ့ဝင် ဦးအောင်ကြိုင်က "အလှထားတဲ့ ပန်းအိုးတွေ ဖျက်ဆီးတာ ရည်ရွယ်ချက်ရှိရှိ လုပ်သွားတာ ဆိုရမယ်။ အတော်ကို အရုပ်ဆိုးအကျည်းတန်တဲ့ လုပ်ရပ်တခုပါ။ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ပန်းအိုးတွေက တယောက်တည်း မတွန်းနိုင်ပါဘူး။ အနည်းဆုံး ၂ ယောက် ၃ ယောက်လောက် အင်အားနဲ့ လုပ်သွားတာ ဖြစ်မယ်" လို့ ပြောပါတယ်။ အလှပန်းအိုး တလုံးကို ကာလတန်ကြေး ကျပ် ၂ သောင်းခွဲတန်ပြီး ပန်းအိုး ၃၉ လုံး တွန်းလှဲတဲ့အထဲက ၄ လုံးကတော့ ပျက်စီးသွားပါတယ်။ မိတ္ထီလာကန်ဘောင်ပေါ်မှာ ဘိလပ်မြေနဲ့လုပ်ထားတဲ့ အချင်း ၂ ပေခွဲ အမြင့် ၁ ပေခွဲရှိတဲ့ အလှဆင်ပန်းအိုး ၁၇၉ လုံးရှိနေပါတယ်။ အဲဒီအလှပန်းအိုးတွေရဲ့အောက်မှာ သဲထည့်ထားတဲ့ ပေပါပြတ်တွေ ခံထားပြီး အိုးတွေထဲမှာ တောင်ထန်းပင်၊ အုန်းပင်၊ သနပ်ခါးပန်းပင်၊ စက္ကူပန်းပင်တွေ စိုက်ပျိုးထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ မိတ္ထီလာအမှတ်(၂)ရဲစခန်းမှာ အလှပန်းအိုးဖျက်ဆီးသူကို စုံစမ်းနေဆဲဖြစ်ပြီး ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ဥပဒေပုဒ်မ ၆ (၁) နဲ့ အမှုဖွင့်ထားပါတယ်။ မောင်မောင်လင်း
8 months Ago
Up