မိတ္ထီလာမြို့ရှောင်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား၍

February 21, 2018

မိတ္ထီလာမြို့ရှောင်လမ်းကြောင့် ဆုံးရှုံးသွားသည့် လယ်ယာမြေလျော်ကြေးငွေထပ်မံပေး

  မိတ္ထီလာမြို့ရှောင်လမ်း ဖောက်လုပ်ရာမှာ ဆုံးရှုံးသွားခဲ့တဲ့ လယ်ယာမြေလျော်ကြေးငွေပေးဖို့ ကျန်နေသေးတဲ့ တောင်သူ ၃ ဦးကို ဖေဖော်ဝါရီ ၂၀ ရက်က သာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး‎ခန်းမမှာ  ပေးအပ်ခဲ့တယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြောပါတယ်။ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဇင်က "တဧကကို သိန်း၅၀ နဲ့ တွက်ပေးတာပါ။ အရင်တခါက ဆုံးရှုံးဧက ၁၉၉ ဒသမ ၉၅ အတွက် ကျပ်၉၉၉၇ သိန်းပေးပြီးပြီ ကျန်နေသေးတဲ့ တောင်သူ ၃ ဦး ဆုံးရှုံးဧက ၁ ဒသမ ၉၉ အတွက် ကျပ်၉၆ သိန်း ဒီနေ့ မနက်ကပေးတာပါ"လို့ ပြောပါတယ်။ နစ်နာကြေးတွေအဖြစ် သာစည်မြို့နယ် ကုန်းတောင်ရွာက ဦးတင့်လွင်ဦးက ကျပ် ၂သိန်း၊ ‎ဦးသန်းဇော်ထွန်းကကျပ်၉ သိန်းရရှိပြီး  တမာကုန်းရွာနေတဲ့ ဦးစိုးဝင်းက ၈၅ သိန်းရရှိသွားပါတယ်။ ရန်ကုန်-မန္တလေးကားလမ်း မိတ္ထီလာမြို့‎ရှောင်လမ်းဖောက်လုပ်ရာမှာ သာစည်မြို့နယ်ထဲက သပြေဝရွာ၊  တမာကုန်းရွာ၊ ကုန်းတောင်းရွာ၊ ညောင်အိုင်ရွ၊  အဖျောက်ရွာစတဲ့ ရွာ၅ရွာက ‎တောင်သူတွေရဲ့ လယ်ယာမြေတွေ ဆုံးရှုံးသွားခဲ့ရတာပါ။ ဒီကိစ္စ လွှတ်တော်ကိုတင်ပြပြီးနောက် တောင်သူ ၁၉၈ ဦးရဲ့ ဆုံးရှုံးဧက ၁၅၁ ဒသမ ၀၇ အတွက် ကျပ်၇၅၅၃သိန်းနဲ့ တောင်သူဦးရေ ၅၀ ဆုံးရှုံးဧက ၄၈ ဒသမ ၈၈ အတွက်ကျပ် ၂၄၄၄ သိန်း စုစုပေါင်း ကျပ် ၉၉၉၇ သိန်းကို ၂၀၁၇  နိုဝင်ဘာလ ၁၄ ရက်က ပေးခဲ့ပါတယ်။ ‎သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
3 years Ago

April 25, 2017

မိတ္ထီလာမြို့ရှောင်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား၍ ၁ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရ

ရန်ကုန်-မန္တလေးလမ်း မိတ္ထီလာမြို့ရှောင်လမ်းမှာ ဟိုက်အေ့နဲ့ ၂၂ ဘီးတွဲကား တိုက်မိပြီး ၁ ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှခဲ့တယ်လို့ မိတ္ထီလာမြို့မ ရဲစခန်းက ပြောပါတယ်။ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှောင်လမ်း ပျဉ်သာကျေးရွာအနီး ဧပြီလ ၂၄ ရက် မနက် ၃ နာရီလောက်မှာ တောင်ကြီးဘက်မှ မိတ္ထီလာကို လာတဲ့ မျိုးမြင့်ဟန်မောင်းတဲ့ ဟိုက်အေ့ကားနဲ့ မန္တလေးမှ ရန်ကုန်ကို လာတဲ့ အိုက်ငွေမောင်းတဲ့ ၂၂ ဘီးကားတို့ တိုက်မိပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁ ဦး သေဆုံးခဲ့တာပါ။ မိတ္ထီလာမြို့ရဲစခန်း ဒုရဲအုပ်အောင်သူဟိန်းက “တောင်ကြီးလိုင်းကားပေါ်မှာ ခရီးသည် ၁၃ ဦး ပါတယ်။ ၁၂ ဦး ဒဏ်ရာရတယ်။ အမျိုးသား ၁ ဦးကတော့ အသက် ၄၅ နှစ်လို့ ခန့်မှန်းရတာဘဲ နာမည်တော့ မသိသေးဖူး။ ခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာနဲ့ သေဆုံးသွားတယ်။ အရှိန်တွေ များကြတော့ ကား ၂ စီးလုံးက ဒရိုင်ဘာတွေလည်း ဒဏ်ရာရကြတယ်။ ကြက်ခြေနီအဖွဲ့တွေလည်း ရောက်လာကြတယ်။ မိတ္ထီလာဆေးရုံ ကူညီပို့ပေးရတယ်” လို့ ပြောပါတယ်။ “ကားနှစ်စီး တိုက်လိုက်တဲ့ အသံကြီးက လန့်သွားအောင်မြည်တယ်။ တောင်ကြီး - မိတ္ထီလာလမ်းနဲ့ ရန်ကုန် - မန္တလေးလမ်း နှစ်ခုဆုံတဲ့နေရာ သတိပေးဆိုင်းဘုတ် ထားသင့်ပြီ်။ ရက်ဆက်ပဲ ကားတိုက်မှုဖြစ်နေတယ်”လို့ဒေသခံတစ်ဦးကပြောပါတယ်။ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး မိတ္ထီလာမြို့မရဲစခန်းက ယာဉ်မောင်း ၂ ဦးဖြစ်တဲ့ မျိုးမြင့်ဟန်နဲ့ အိုက်ငွေကို ယာဉ်မဆင်မခြင်မောင်းတဲ့အတွက် လူသေမှု ရာဇသတ်ကြီး ပုဒ်မ ၃၀၄(က)နဲ့ သာမန်/ပြင်းထန်ဒဏ်ရာရစေမှု ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ တို့နဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။ သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)
4 years Ago
Up