မိတ္ထီလာခရိုင်

A d v e r t i s e m e n t With Us

June 8, 2019

မိတ္ထီလာခရိုင်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ၇၉၉၁ ဦးရှိ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်မှာ ဒီနေ့မှာ ထွက်ရှိတဲ့ တက္ကသိုလ်ဝင်တန်း အောင်စာရင်းအရ အောင်မြင်သူ ၇၉၉၁ ဦး ရှိပါတယ်။ ဒုပညာရေးမှူးဦးကျော်မြင့်က “တခရိုင်လုံးအနေနဲ့ စာမေးပွဲ ဖြေဆိုသူ ၁၉ဝဝဝ ကျော် ရှိတယ်။ အောင်မြင်သူက ၈ ထောင်နီးပါးပေါ့။ ရာခိုင်နှုန်းအားဖြင့်တော့ ၄၁ ရာခိုင်နှုန်းလောက် အောင်ကြတယ်” လို့ပြောပါတယ်။ တခရိုင်လုံးမှာ အောင်ချက်ရာခိုင်နှုန်း အကောင်းဆုံးက မလှိုင်မြို့နယ်ဖြစ်ပါတယ်။ ၄၉ ရာခိုင်နှုန်းကျော် ၂၄၈၀ ဦး အောင်မြင်ပါတယ်။ ဘာသာစုံဂုဏ်ထူးရှင် ၇၈ ဦးရှိပါတယ်။ မိတ္ထီလာက ၄၁ ရာခိုင်နှုန်း ၂၉၇၆ ဦး အောင်မြင်ပြီး ဘာသာစုံ ဂုဏ်ထူးရသူ ၃ ဦးရှိပါတယ်။ ဝမ်းတွင်းမြို့က ၁၅၃၁ ဦး အောင်မြင်ပြီး ၃၈ ဒသမ ၃၅ ရာနှုန်း အောင်မြင်ပါတယ်။ သာစည်က ၁၀၀၄ ယောက် အောင်မြင်ပြီး ၃၁ ဒသမ ၈၄ ရာနူန်း ရှိပါတယ်။ တခရိုင်လုံးအနေနဲ့ ၆ဘာသာ ဂုဏ်ထူးရသူပေါင်း ၈၁ ဦးရှိပါတယ်။ ၅ ဘာသာ ဂုဏ်ထူးရသူ ၂၁၇ ဦး၊ ၄ဘာသာ ၂၀၃ ဦး၊ ၃ ဘာသာ ဂုဏ်ထူး ၁၈၂ ဦး ၂ဘာသာ ၂၃၂ဦး နဲ့ ၁ဘာသာ ၇၁၆ ဦး တို့ ဂုဏ်ထူးရကြပါတယ်။ တက္ကသိုလ်ဝင်တန်း ကျောင်းတက်စာရင်း ၂၁ဝဝဝ လောက်ရှိခဲ့ပြီး ဖြေဆိုသူ ၁၉ဝဝဝ ကျော်ရှိခဲ့တာပါ။ စာမေးပွဲ မဖြေသူ ကျောင်းသား ၂ ထောင်ကျော် ရှိပါတယ်။ သတင်း-မောင်မောင်လင်း
2 years Ago
Up