ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမှာ သြဂုတ် ၁၈ ရက်နေ့က ထောင်ချီတဲ့ မိခင်တွေ စုဝေးပြီး လူအများရှေ့မှာ နို့တိုက်တာက ရှက်စရာမဟုတ်ဆိုတဲ့ လှုပ်ရှားမှု တစိတ်တပိုင်းအနေနဲ့ သူတို့ရဲ့ကလေးတွေကို နို့တိုက်တဲ့ အခမ်းအနား ကျင်းပခဲ့ကြပါတယ်။
အဲဒီပွဲကို လူဦးရေ ၂၃၀၀ လောက် ပါဝင်ဆင်နွှဲခဲ့တယ်လို့ ပွဲစီစဉ်သူက ပြောပါတယ်။ မိခင်တွေဟာ တပြိုင်နက်တည်း ထိုင်ပြီး သူတို့ကလေးတွေကို တမိနစ်ကျော်ကြာ နို့တိုက်ခဲ့ကြတာပါ။
ကလေးတွေကို မိခင်နို့တိုက်ကြဖို့နဲ့ လူအများရှေ့မှာ နို့တိုက်တာဟာ ရှက်စရာမဟုတ်ဘူးဆိုတာ ပြသဖို့ နို့တိုက်မိခင်တွေ စုဝေးကြတဲ့ အဲဒီလှုပ်ရှားမှုဟာ ၂၀၁၃ ခုနှစ်ကတည်းက ဖိလစ်ပိုင်နိုင်ငံမှာ စတင်ပေါ်ပေါက်လာခဲ့တာပါ။
လေ့လာမှုစစ်တမ်းတွေအရ ကလေးငယ်တွေကို မိခင်နို့ တိုက်ကျွေးတာဟာ အသက် ၅ နှစ်အောက် ကလေးငယ် သေဆုံးမှုနှုန်းကို သိသိသာသာ လျော့ကျစေပြီး ကလေးငယ်တွေရဲ့ ဉာဏ်ရည်နဲ့ သင်ယူနိုင်စွမ်းကို တိုးတက်စေတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ကျန်းမာရေးနဲ့ အာဟာရဆိုင်ရာ အကြီးအကဲ ဝစ်ဂ် မဒါနီက ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ၆ လအောက် မွေးကင်းစကလေးငယ် ၃၄ ရာခိုင်နှုန်းလောက်သာ မိခင်နို့ တိုက်ကျွေးကြတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်တဲ့ ၂၀၁၃ ခုနှစ် အစီရင်ခံစာတခုက ဖော်ပြပါတယ်။
Zawgyi Version
ဖိလစ္ပိုင္တြင္ မိခင္ေထာင္ခ်ီ စုေဝးၿပီး လူအမ်ားေရွ႕ ႏို႔တိုက္သည့္လႈပ္ရွားမႈ ျပဳလုပ္
DVB
ဖိလစ္ပိုင္ႏိုင္ငံ ၿမိဳ႕ေတာ္ မနီလာမွာ ၾသဂုတ္ ၁၈ ရက္ေန႔က ေထာင္ခ်ီတဲ့ မိခင္ေတြ စုေဝးၿပီး လူအမ်ားေရွ႕မွာ ႏို႔တိုက္တာက ရွက္စရာမဟုတ္ဆိုတဲ့ လႈပ္ရွားမႈ တစိတ္တပိုင္းအေနနဲ႔ သူတို႔ရဲ႕ကေလးေတြကို ႏို႔တိုက္တဲ့ အခမ္းအနား က်င္းပခဲ့ၾကပါတယ္။
အဲဒီပြဲကို လူဦးေရ ၂၃၀၀ ေလာက္ ပါဝင္ဆင္ႏႊဲခဲ့တယ္လို႔ ပြဲစီစဥ္သူက ေျပာပါတယ္။ မိခင္ေတြဟာ တၿပိဳင္နက္တည္း ထိုင္ၿပီး သူတို႔ကေလးေတြကို တမိနစ္ေက်ာ္ၾကာ ႏို႔တိုက္ခဲ့ၾကတာပါ။
ကေလးေတြကို မိခင္ႏို႔တိုက္ၾကဖို႔နဲ႔ လူအမ်ားေရွ႕မွာ ႏို႔တိုက္တာဟာ ရွက္စရာမဟုတ္ဘူးဆိုတာ ျပသဖို႔ ႏို႔တိုက္မိခင္ေတြ စုေဝးၾကတဲ့ အဲဒီလႈပ္ရွားမႈဟာ ၂၀၁၃ ခုႏွစ္ကတည္းက ဖိလစ္ပိုင္ႏိုင္ငံမွာ စတင္ေပၚေပါက္လာခဲ့တာပါ။
ေလ့လာမႈစစ္တမ္းေတြအရ ကေလးငယ္ေတြကို မိခင္ႏို႔ တိုက္ေကြၽးတာဟာ အသက္ ၅ ႏွစ္ေအာက္ ကေလးငယ္ ေသဆုံးမႈႏႈန္းကို သိသိသာသာ ေလ်ာ့က်ေစၿပီး ကေလးငယ္ေတြရဲ႕ ဉာဏ္ရည္နဲ႔ သင္ယူႏိုင္စြမ္းကို တိုးတက္ေစတယ္လို႔ ကုလသမဂၢ ကေလးမ်ားရန္ပုံေငြအဖြဲ႔ (UNICEF) ရဲ႕ က်န္းမာေရးနဲ႔ အာဟာရဆိုင္ရာ အႀကီးအကဲ ဝစ္ဂ္ မဒါနီက ေျပာပါတယ္။
ဖိလစ္ပိုင္ႏိုင္ငံမွာ ၆ လေအာက္ ေမြးကင္းစကေလးငယ္ ၃၄ ရာခိုင္ႏႈန္းေလာက္သာ မိခင္ႏို႔ တိုက္ေကြၽးၾကတယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႔က ထုတ္ျပန္တဲ့ ၂၀၁၃ ခုႏွစ္ အစီရင္ခံစာတခုက ေဖာ္ျပပါတယ္။
2 years Ago