မိခင်

September 4, 2020

ဂျာမနီတွင်  မိခင်က ကလေး ၅ ဦးအား သတ်ဖြတ်

ဂျာမနီနိုင်ငံမှာ စက်တင်ဘာ ၃ ရက်က  မိခင်ဖြစ်သူက  သူရဲ့ကလေး ၅ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။   ဇိုလင်ဂန်မြို့က တိုက်ခန်းတခုအတွင်းမှာ ကလေး ၅  ယောက်ရဲ့ ရုပ်အလောင်းတွေကို  တွေ့ရှိတယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။   သေဆုံးခဲ့တဲ့ ကလေးငယ်တွေဟာ အသက်  ၁ နှစ်၊ ၂ နှစ်၊ ၃ နှစ်၊  ၆ နှစ်နဲ့  ၈ နှစ်တို့ဖြစ်ပြီး  ကလေးတွေရဲ့အဘွားက ရဲကို  အကြောင်းကြားခဲ့တာပါ။    အဘွားဖြစ်သူက အသက် ၂၇ နှစ်အရွယ် သူ့သမီးဟာ ကလေး ၅  ယောက်ကို သတ်ပြီး  နောက်ကလေးတဦးကို ခေါ်ကာ အိမ်က ထွက်သွားတယ်လို့ ရဲကို ပြောဆိုခဲ့ပါတယ်။   အဲဒီနောက် မိခင်ဟာ  ဒူ့ဆီဒေါ့မြို့က ရထားတစီးရှေ့ကို  ခုန်ချခဲ့ပေမယ့် အသက်မသေဘဲ  ပြင်းထန်ဒဏ်ရာတွေ ရခဲ့တယ်လို့  ရဲတပ်ဖွဲ့က  ပြောပါတယ်။   အဲဒီနောက် ၁၁ နှစ်အရွယ် နောက်ကလေးတဦးကိုတော့ အဘွားဖြစ်သူအိမ်မှာ  အနာတရ မရှိ တွေ့ခဲ့တယ်လို့ ဂျာမန်မီဒီယာတခုက ဖော်ပြပါတယ်။ 
8 months Ago

August 20, 2019

အယ်လ်ဆာဗေးဒိုးနိုင်ငံတွင် မွေးကင်းစကလေးကို သတ်မှုဖြင့် ထောင်ကျနေသည့်မိခင်အား ပြန်လွှတ်

အယ်လ်ဆာဗေးဒိုးနိုင်ငံမှာ မွေးကင်းစကလေးငယ်ကို သတ်တဲ့အမှုနဲ့ ထောင်ဒဏ်ကျခံထားရတဲ့ မိခင်တယောက်ကို သြဂုတ် ၁၉ ရက်နေ့မှာ တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။ အဲဒီအမှုကြောင့် ရှေးရိုးဆန်တဲ့ အယ်လ်ဆာဗေးဒိုးနိုင်ငံမှာ ကိုယ်ဝန်ဖျက်ချခွင့် တားမြစ်ချက်နဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ အာရုံစိုက်မှု ခံခဲ့ရပါတယ်။ အသက် ၂၁ နှစ်အရွယ် အယ်လ်ဗန်လီ ဟယ်လ်မန်ဒဲဇ်ဟာ သူကိုယ်တိုင်မွေးထားတဲ့ ကလေးကို သတ်ပစ်တယ်လို့ တရားစွဲဆိုခံရပြီးနောက် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံခဲ့ရပြီး ထောင်ဒဏ်ကျခံနေတာသုံးနှစ်လောက် ရှိပါပြီ။ ဒါပေမယ့် ဖေဖော်ဝါရီလမှာ အမြင့်ဆုံးတရားရုံးချုပ်က ဟယ်လ်မန်ဒဲဇ်ကို အမှုစီရင်ချက်ဟာ သက်သေလုံလောက်မှု မရှိဘူးလို့ ပြောပြီး တကျော့ပြန် ရုံးတင်စစ်ဆေးခဲ့တာပါ။ ဟယ်လ်မန်ဒဲဇ်ဟာ ဂိုဏ်းအဖွဲ့သားတယောက်ရဲ့ အဓမ္မပြုကျင့်ခံခဲ့ရပြီးနောက် ကိုယ်ဝန်ရလာတာကို သတိမထားမိခဲ့ပါဘူး။ ၂၀၁၆ ခုနှစ် ဧပြီလမှာတော့ ဟယ်လ်မန်ဒဲဇ်ဟာ ဗိုက်နာလာပြီး သွေးတွေဆင်းခဲ့ပါတယ်။ အဲဒီနောက် အိမ်သာသွားတဲ့အချိန်မှာပဲ သူဟာ မေ့လဲသွားခဲ့ပါတယ်။ ဆေးရုံရောက်တဲ့အချိန် ဆရာဝန်က စစ်ဆေးလိုက်တဲ့အခါ မီးဖွားထားတဲ့ လက္ခဏာ တွေ့ရပေမယ့် ဟယ်လ်မန်ဒဲဇ်ကိုယ်တိုင်ဟာ ကိုယ်ဝန်ရပြီး ကလေးမွေးခဲ့တယ်ဆိုတာ မသိခဲ့ပါဘူး။ ကလေးရဲ့ အလောင်းကို အိမ်သာကျင်းထဲမှာ တွေ့ရှိပြီးနောက် ရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးခဲ့တာပါ။ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း အယ်လ်ဆာဗေးဒိုးနိုင်ငံမှာ အမျိုးသမီး ၁၄၇ ယောက်လောက်ဟာ ကိုယ်ဝန်ဖျက်ချတယ်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးခံရပြီး ထောင်ဒဏ် အနှစ် ၄၀ အထိ ချမှတ်ခံခဲ့ရတယ်လို့ ပြည်တွင်း လူ့အခွင့်အရေးအဖွဲ့ Citizen Group for the Decriminalization of Abortion က ဖော်ပြပါတယ်။ နောက်ထပ် အလားတူ အမှု ၁၆ မှုကိုလည်း ပြန်ပြီး ရုံးတင်စစ်ဆေးပေးဖို့ ကြိုးစားသွားမယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။
Zawgyi Version အယ္လ္ဆာေဗးဒိုးႏိုင္ငံတြင္ ေမြးကင္းစကေလးကို သတ္မႈျဖင့္ ေထာင္က်ေနသည့္မိခင္အား ျပန္လႊတ္ DVB အယ္လ္ဆာေဗးဒိုးႏိုင္ငံမွာ ေမြးကင္းစကေလးငယ္ကို သတ္တဲ့အမႈနဲ႔ ေထာင္ဒဏ္က်ခံထားရတဲ့ မိခင္တေယာက္ကို ၾသဂုတ္ ၁၉ ရက္ေန႔မွာ တရား႐ုံးက တရားေသ လႊတ္ေပးလိုက္ပါတယ္။ အဲဒီအမႈေၾကာင့္ ေရွး႐ိုးဆန္တဲ့ အယ္လ္ဆာေဗးဒိုးႏိုင္ငံမွာ ကိုယ္ဝန္ဖ်က္ခ်ခြင့္ တားျမစ္ခ်က္နဲ႔ ပတ္သက္လို႔ ႏိုင္ငံတကာရဲ႕ အာ႐ုံစိုက္မႈ ခံခဲ့ရပါတယ္။ အသက္ ၂၁ ႏွစ္အ႐ြယ္ အယ္လ္ဗန္လီ ဟယ္လ္မန္ဒဲဇ္ဟာ သူကိုယ္တိုင္ေမြးထားတဲ့ ကေလးကို သတ္ပစ္တယ္လို႔ တရားစြဲဆိုခံရၿပီးေနာက္ ေထာင္ဒဏ္အႏွစ္ ၃၀ ခ်မွတ္ခံခဲ့ရၿပီး ေထာင္ဒဏ္က်ခံေနတာသုံးႏွစ္ေလာက္ ရွိပါၿပီ။ ဒါေပမယ့္ ေဖေဖာ္ဝါရီလမွာ အျမင့္ဆုံးတရား႐ုံးခ်ဳပ္က ဟယ္လ္မန္ဒဲဇ္ကို အမႈစီရင္ခ်က္ဟာ သက္ေသလုံေလာက္မႈ မရွိဘူးလို႔ ေျပာၿပီး တေက်ာ့ျပန္ ႐ုံးတင္စစ္ေဆးခဲ့တာပါ။ ဟယ္လ္မန္ဒဲဇ္ဟာ ဂိုဏ္းအဖြဲ႔သားတေယာက္ရဲ႕ အဓမၼျပဳက်င့္ခံခဲ့ရၿပီးေနာက္ ကိုယ္ဝန္ရလာတာကို သတိမထားမိခဲ့ပါဘူး။ ၂၀၁၆ ခုႏွစ္ ဧၿပီလမွာေတာ့ ဟယ္လ္မန္ဒဲဇ္ဟာ ဗိုက္နာလာၿပီး ေသြးေတြဆင္းခဲ့ပါတယ္။ အဲဒီေနာက္ အိမ္သာသြားတဲ့အခ်ိန္မွာပဲ သူဟာ ေမ့လဲသြားခဲ့ပါတယ္။ ေဆး႐ုံေရာက္တဲ့အခ်ိန္ ဆရာဝန္က စစ္ေဆးလိုက္တဲ့အခါ မီးဖြားထားတဲ့ လကၡဏာ ေတြ႔ရေပမယ့္ ဟယ္လ္မန္ဒဲဇ္ကိုယ္တိုင္ဟာ ကိုယ္ဝန္ရၿပီး ကေလးေမြးခဲ့တယ္ဆိုတာ မသိခဲ့ပါဘူး။ ကေလးရဲ႕ အေလာင္းကို အိမ္သာက်င္းထဲမွာ ေတြ႔ရွိၿပီးေနာက္ ရဲတပ္ဖြဲ႔က သူ႔ကို ဖမ္းဆီးခဲ့တာပါ။ ၂၀၀၀ ျပည့္ႏွစ္ကေန ၂၀၁၄ ခုႏွစ္အတြင္း အယ္လ္ဆာေဗးဒိုးႏိုင္ငံမွာ အမ်ိဳးသမီး ၁၄၇ ေယာက္ေလာက္ဟာ ကိုယ္ဝန္ဖ်က္ခ်တယ္ဆိုတဲ့ စြဲခ်က္နဲ႔ ဖမ္းဆီးခံရၿပီး ေထာင္ဒဏ္ အႏွစ္ ၄၀ အထိ ခ်မွတ္ခံခဲ့ရတယ္လို႔ ျပည္တြင္း လူ႔အခြင့္အေရးအဖြဲ႔ Citizen Group for the Decriminalization of Abortion က ေဖာ္ျပပါတယ္။ ေနာက္ထပ္ အလားတူ အမႈ ၁၆ မႈကိုလည္း ျပန္ၿပီး ႐ုံးတင္စစ္ေဆးေပးဖို႔ ႀကိဳးစားသြားမယ္လို႔ အဲဒီအဖြဲ႔က ေျပာပါတယ္။
2 years Ago
Up