မိခင်အတွက် ကိုယ်ပိုင်သံစဉ် သီချင်းစပ်ဆိုပြခဲ့သည့် အံ့ဖွယ် ၄ နှစ်သမီးငယ်

April 25, 2017

မိခင်အတွက် ကိုယ်ပိုင်သံစဉ် သီချင်းစပ်ဆိုပြခဲ့သည့် အံ့ဖွယ် ၄ နှစ်သမီးငယ် (ရုပ်သံ)

အသက် ၄ နှစ်အရွယ်သာရှိသေးတဲ့ ကလေးတယောက်အနေနဲ့ မိခင်အပေါ် တွယ်တာချစ်ခင်စိတ်နဲ့ ရှိနေတာဟာ သဘာဝတရားပါပဲ။ ဒါပေမယ့် မိခင်မေတ္တာဘွဲ့ သီချင်းစပ်ပြီး သီဆိုပြတာမျိုးကတော့ တော်တော့်ကို ကြုံတောင့်ကြုံခဲ ဖြစ်နေပါလိမ့်မယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မိခင်ဖြစ်သူအပေါ် ချစ်ခင်ကြင်နာစိတ်အပြည့်နဲ့ သီချင်းသီဆိုပြခဲ့တဲ့ ချစ်စဖွယ် သမီးငယ်ကို တွေ့မြင်ကြရမှာပါ။ ချစ်စရာကောင်းတဲ့ သမီးငယ် ကိုင်နက်ဒီတပ်ကာဟာ မိခင်ဖြစ်သူကို သီချင်းဆိုပြပြီး အံ့သြစေခဲ့ပါပြီ။ သူဟာ မိခင်ဖြစ်သူနဲ့အတူ အမေရိကန်နိုင်ငံ၊ ကန်းဆပ်စ်ပြည်နယ်၊ ကန်းဆပ်စ်မြို့မှာ နေထိုင်တာဖြစ်ပြီး ကုတင်ပေါ်မှာ ထိုင်နေခဲ့ကာ အိပ်ယာဝင်သီချင်း သီဆိုပြခဲ့တာပါ။ ဒီသီချင်းသီဆိုမှု မစတင်ခင်မှာ သူက မိခင်ဖြစ်သူကို “မေမေ့ရဲ့ နက်ရှိုင်းတဲ့အချစ်ကို နှလုံးသားထဲမှာ ခံစားလို့ရနေတယ်” လို့ ပြောခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကိုင်နက်ဒီဟာ မိခင်ဖြစ်သူ ဘယ်လောက်လှပပြီး ချစ်စရာကောင်းတယ်ဆိုတဲ့ စကားလုံးတွေ ပါဝင်တဲ့ သီချင်းကို သီဆိုပြခဲ့တာ တွေ့ရပါတယ်။
4 years Ago
Up