မားဂေါ့ကစ်ဒါ

May 15, 2018

နာမည်ကျော် စူပါမန်းရုပ်ရှင် သရုပ်ဆောင်မင်းသမီး မားဂေါ့ကစ်ဒါ ကွယ်လွန်

စူပါမန်းရုပ်ရှင်နဲ့ နာမည်ကျော်လာခဲ့တဲ့ သရုပ်ဆောင် မင်းသမီး မားဂေါ့ ကစ်ဒါ (Margot Kidder) ဟာ သူ့ရဲ့နေအိမ်မှာ မေလ ၁၄ ရက်နေ့က ကွယ်လွန်သွားပါတယ်။ အသက် ၆၉ နှစ်အရွယ် မားဂေါ့ ကစ်ဒါ ကွယ်လွန်ရတဲ့ အကြောင်းရင်းကိုတော့ လတ်တလော မသိရသေးပါဘူး။ မားဂေါ့ဟာ ၁၉၇၀ နဲ့ ၁၉၈၀ ကျော် ကာလတွေက ရိုက်ကူးတဲ့ စူပါမင်း ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး နာမည်ကျော်လာခဲ့သူပါ။ ကနေဒါနိုင်ငံမှာ မွေးဖွားတဲ့ သူမဟာ ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း သရုပ်ဆောင်ခဲ့ပြီး “R.L Stine’s The Haunting Hour” ရုပ်သံဇာတ်လမ်းနဲ့ Emmy ရုပ်သံဆု ရရှိခဲ့ပါတယ်။ မားဂေါ့ဟာ ၁၉၉၀ ပြည့်နှစ်လယ်ကာလတွေမှာ စိတ်ဝေဒနာ ခံစားခဲ့ရပါတယ်။ သူဟာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး ၁၉၉၀ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပင်လယ်ကွေ့စစ်ပွဲကို ဆန့်ကျင်သူလည်း ဖြစ်ပါတယ်။
3 years Ago

May 14, 2018

ကချင်စစ်ဘေးရှောင် ၁၀၀ကျော် မြစ်ကြီးနားကို ထပ်မံရောက်လာမည်

  ကချင်ပြည်နယ်၊ တနိုင်းဒေသက တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ပြည်သူ  ၁၀၀ကျော် မြစ်ကြီးနားမြို့ကို ဒီကနေ့ ရောက်လာဖို့ ရှိတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးတဲ့ အဖွဲ့တွေက ပြောပါတယ်။ စစ်ဘေးရှောင်တွေအထဲမှာ ပါလာတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးဟာ လမ်းမှာ ကလေးမီးဖွားတဲ့အတွက်ကြောင့် မေလ ၁၃ ရက်နေ့ကို မရောက်ဖြစ်တာလို့လည်းဆိုပါတယ်။ အောင်လော့ဒ်ကျေးရွာတ၀ိုက်ကနေ  ထွက်လာတဲ့ ပြည်သူ ၂၀၀၀ ကျော်လောက်ဟာ ဧပြီ ၁၁ ရက်ကစပြီး ဘေးလွတ်ရာကိုရှောင်တိမ်းလာပြီး တောထဲမှာ ၁ လဝန်းကျင် လောက်ပိတ်မိပြီးမှ တနိုင်း၊ နမ္မတီး၊ မြစ်ကြီးနားမြို့ပေါ်တွေက ဘုရားကျောင်းတချို့ကို ခိုလှုံဖို့ ရောက်ရှိလာကြတာပါ။ အခုရောက်ရှိလာမယ့် ဒုက္ခသည် ၁၀၀ ကျော်လောက်ဟာလည်း ၁လကျော်လောက် တောထဲမှာ ပိတ်မိပြီးမှ မြစ်ကြီးနားမြို့ကို ရောက်ရှိလာမှာပါ။ မေ၁၁ရက်နေ့က ကချင်ပြည်နယ်အစိုးရအဖွဲ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က အောင်လော့ဒ်ရွာမှာတော့ပိတ်မိနေတဲ့သူမရှိကြောင်းနဲ့ ဘယ်မှာရှိလဲဆိုတာကို မသိဘူးလို့ပြောဆိုခဲ့ပါတယ်။
3 years Ago
Up