မာ့ခ်ဟု့ချ်

October 12, 2020

မန်ယူနည်းပြအဖြစ် ရိုင်ရန်ဂစ်ကို မြင်တွေ့ရနိုင်ဟု ဝေးလ်နည်းပြဟောင်း ခန့်မှန်း

ကစားသမား ရိုင်ရန်ဂစ်အနေနဲ့မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ ဖြစ်လာနိုင်တယ်လို့  ဝေးလ်လက်ရွေးစင်အသင်းနည်းပြဟောင်း မာ့ခ်ဟု့ချ်က ပြောဆိုပါတယ်။  အသက် ၄၆ နှစ်အရွယ် ရိုင်ရန်ဂစ်ဟာ လောလောဆယ်မှာ ဝေးလ်အသင်းကို နည်းပြအဖြစ် ကိုင်တွယ်နေပါတယ်။  မန်ယူနိုက်တက်နဲ့ ဝေးလ်ကစားသမားဟောင်း မာ့ခ်ဟု့ချ်ကတော့ လတ်တလောမှာ ဂစ်က မန်ယူနိုက်တက်နည်းပြဖြစ်ဖို့ အကောင်းဆုံးအနေအထားမှာ ရှိနေတယ်လို့ သုံးသပ်ပြောပါတယ်။  ရိုင်ရန်ဂစ်ဟာ ၂၀၁၆ ခုနှစ်က နည်းပြ ဗန်ဂါး ထွက်သွားတုန်းမှာ မန်ယူနိုက်တက်အသင်းကို နည်းပြအဖြစ် ခေတ္တ ကိုင်တွယ်ခဲ့ဖူးပါတယ်။
7 months Ago
Up