မာရေးကို အနိုင်ရ

January 8, 2017

ကာတာ အိုးပန်းတင်းနစ် ဗိုလ်လုပွဲတွင် ဂျိုကိုဗစ်က မာရေးကို အနိုင်ရ

ကာတာနိုင်ငံ ဒိုဟာမှာ မနေ့က ယှဉ်ပြိုင်သွားတဲ့ ကာတာအိုးပန်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ နိုဗက် ဂျိုကိုဗစ်က ကမ္ဘာ့နံပါတ်တစ် အင်ဒီမာရေးကို အနိုင်ရ သွားပါတယ်။ ကမ္ဘာ့အဆင့် ၂ ဖြစ်တဲ့ ဆားဘီးယားနိုင်ငံသား ဂျိုကိုဗစ်က ၆ - ၃၊ ၅ - ၇၊ ၆ - ၄ နဲ့ အနိုင်ရသွားတာပါ။ ဂျိုကိုဗစ်ဟာ လက်ရှိ ချန်ပီယံလည်း ဖြစ်ပါတယ်။ ကာတာအိုးပန်းပြိုင်ပွဲဟာ သူတို့နှစ်ဦး အတွက် ၃၆ ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်သလို နောက်ဆုံး အကြိမ်တွေ့တဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာထဲမှာ မာရေးက အနိုင်ရထားပါတယ်။ ကာတာအိုးပန်း ပြိုင်ပွဲဟာ နာမည်ကြီး တင်းနစ်သမားတွေအတွက် လာမယ့် သြစတြေးလျအိုးပန်းပြိုင်ပွဲအကြို လက်ရည်သွေးတဲ့ ပွဲလည်း ဖြစ်ပါတယ်။ ပွဲအပြီးမှာ ဂျိုကိုဗစ်ကတော့ ၂၀၁၇ ထဲမှာ အိမ်မက်တွေ တကယ်ဖြစ်လာတော့မယ်လို့ ပြောဆိုသွားပါတယ်။
5 years Ago
Up