မာနေး

July 6, 2019

မာနေး၏သွင်းဂိုးဖြင့် ဆီနီဂေါအသင်း အာဖရိကဖလား ကွာတားဖိုင်နယ် တက်ရောက် (ရုပ်သံ)

ဒီနေ့မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲမှာ ဆီနီဂေါအသင်းဟာ လီဗာပူးတိုက်စစ်မှူး မာရေးနဲ့ သွင်းဂိုး ၁ ဂိုးနဲ့ ယူဂန်ဒါအသင်းကို အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့် တက်ရောက်သွားပါတယ်။ ဆီနီဂေါအသင်းဟာ အာဖရိကနိုင်ငံများဖလားမှာ အမြင့်ဆုံးအောင်မြင်မှု အဖြစ် ၂၀၀၂ခုနှစ်က ဒုတိယတစ်ကြိမ်သာရထားဖူးတာပါ။ မာနေးဟာ လက်ရှိပြိုင်ပွဲတလျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ၃ ဂိုးသွင်းယူပြီး ထိပ်ဆုံးကရပ်တည်နေပါတယ်။ ဒါ့ပေမယ့် ယူဂန်ဒါနဲ့ပွဲစဉ်မှာ ပင်နယ်တီလွဲချော်ခဲ့တဲ့ မာနေးဟာ အာဖရိကဖလားပြိုင်ပွဲ ပွဲစဉ်  ၂ ပွဲအတွင်း ရရှိတဲ့ ပင်နယ်တီ ၃ လုံးမှာ၂ လုံးထိလွဲချော်ခဲ့ပါတယ်။ ဆီနီဂေါအသင်းဟာ တဖက်မှာ နာမည်ကြီး မော်ရိုကို အသင်းကို အံ့အားသင့်ဖွယ် အနိုင်ရရှိလာခဲ့တဲ့ ဘီနင်အသင်းနဲ့ ကွာတားဖိုင်နယ်မှာ တွေ့ဆုံနေပါတယ်။ ဆီနီဂေါအသင်းဟာ သမိုင်းတလျှောက် အာဖရိကဖလားကို ၃၁ ကြိမ်ဝင်ရောက်ယှဉ်ပြိုင်ပြီး ၉ ကြိမ်မြောက် ကွာတားဖိုင်နယ်အဆင့် ရောက်ရှိခဲ့တာဖြစ်ပြီး အမြင့်ဆုံးအောင်မြင်မှုတွေကတော့ ၁၉၆၅၊ ၁၉၉၀၊၂၀၀၆ ခုနှစ်တို့မှာ စတုတ္ထဆုရရှိခဲ့တာဖြစ်ပါတယ်။
2 years Ago

April 2, 2019

လီဗာပူးအသင်း ချန်ပီယံဖြစ်ရန် လက်ကျန်ပွဲစဉ်အားလုံး အနိုင်ကစားဖို့လိုဟု မာနေး ပြော

မန်စီးတီးကို ကျော်ဖြတ်ပြီး ချန်ပီယံဖြစ်ဖို့အတွက် လက်ကျန်ပွဲစဉ်တွေ အားလုံး အနိုင်ကစားဖို့လိုတယ်လို့ လီဗာပူးကွင်းလယ်လူ မာနေးက ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းဟာ လက်ကျန် ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲအလိုမှာ ဒုတိယနေရာက မန်စီးတီးကို နှစ်မှတ်အကွာနဲ့ အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးက တပွဲလျော့ ကစားထားတဲ့အတွက် အဲဒီပွဲစဉ်မှာ အနိုင်ရမယ်ဆိုရင်တော့ အဆင့် ၁ နေရာကို တမှတ်အကွာနဲ့ ပြန်လည်ရယူနိုင်မှာ ဖြစ်ပါတယ်။ မန်စီးတီးကို ကျော်ဖြတ်ပြီး ချန်ပီယံဖြစ်ဖို့ဆိုရင် လက်ကျန် ၆ ပွဲစလုံး အနိုင်ကစားဖို့လိုပြီး ခက်ခဲပေမယ့်လည်း လုပ်နိုင်တဲ့ကိစ္စ ဖြစ်တယ်လို့ မာနေးက ဆိုပါတယ်။ မာနေးဟာ နောက်ပိုင်းပွဲစဉ်တွေမှာ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေ သွင်းယူပေးနေပြီး ခြေစွမ်းပြနေတာ ဖြစ်ပါတယ်။ စပါးနဲ့ပွဲမှာ နောက်ကျဂိုးနဲ့ အနိုင်ရခဲ့ပြီး သူဂိုးမသွင်းနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ပြောကြားရာမှာတော့ ဘောလုံးမှာ ဖြစ်တတ်တဲ့အရာလို့ မာနေးက ပြောကြားခဲ့ပါတယ်။
2 years Ago
More News
Up