ဝက်စ်ဟမ်းအသင်းဟာ ပရိသတ်ကိုတိုက်ခိုက်ခဲ့လို့ ပွဲကစားခွင့် ပိတ်ပင်ခံထားရတဲ့ မာဆေးနောက်ခံလူ အီဗရာကို ခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။
အသက် ၃၆ နှစ်ရှိ မန်ယူနဲ့ ဂျူဗင်တပ် ကစားသမားဟောင်း အီဗရာဟာ မာဆေးအသင်းနဲ့ အတူ ယူရိုပါလိဂ်ပွဲ မကန်ခင် လေ့ကျင့်ခန်းပြုလုပ်ချိန်မှာ အသင်းပရိသတ်တဦးကို ကန်ကျောက်ခဲ့တာပါ။
ဒါကြောင့် မာဆေးအသင်းက သူ့ကို ထုတ်ပယ်လိုက်သလို ဥရောပ ဘောလုံးအဖွဲ့ချုပ်ကလည်း အီဗရာကို ဇွန်လကုန်အထိ ပွဲကစားခွင့် ပိတ်ပင်ခဲ့ပြီး ဒဏ်ငွေ ပေါင် ၉၀၀၀ ပေးဆောင်စေဖို့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
အီဗရာဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က ဝက်စ်ဟမ်းအသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ရောက်လာခဲ့ပြီး အသင်းနဲ့ ကာလတိုစာချုပ် ချုပ်ဖို့ နီးစပ်နေပါတယ်။
ပြင်သစ်နောက်ခံလူ အီဗရာဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပွဲပေါင်းသုံးရာကျော် ကစားခဲ့ပြီး ဂျူဗင်တပ်အသင်းမှာ ကစားပြီးနောက် မာဆေးအသင်းဆီ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
3 years Ago