မာလ်တီမီဒီယာ

February 12, 2018

မာလ်တီမီဒီယာ အကယ်ဒမီ သတင်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ချင်းမိုင်တက္ကသိုလ်နဲ့ ဒီဗွီဘီ မီဒီယာတို့ ပူးပေါင်းဖွင့်လှစ်လိုက်တဲ့ မာလ်တီမီဒီယာ အကယ်ဒမီ သတင်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ချင်းမိုင်တက္ကသိုလ်ရှိ Faculty of Mass Communication ဌာနမှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ကျင်းပခဲ့ပါတယ်။ မာလ်တီမီဒီယာအကယ်ဒမီ သတင်းပညာသင်တန်း 1st Batch ပထမဦးဆုံးနေ့ အခမ်းအနားကို ချင်းမိုင်တက္ကသိုလ် Faculty of Mass Communication မှ ပါမောက္ခချုပ် Mr Terapatt Vannaruemol နဲ့ ဒီဗွီဘီ မီဒီယာမှ အမှုဆောင်ဒါရိုက်တာ ဦးအေးချမ်းနိုင်တို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ သင်တန်းသားတွေကို သင်တန်းစတင်တည်ထောင်ဖြစ်ခဲ့ပုံ၊ ပထမဦးဆုံး ဒေသတွင်းတက္ကသိုလ်နဲ့ တွဲဖက်ဖွင့်လှစ်တဲ့ သင်တန်းတည်ထောင်ရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဆွေးနွေးခဲ့ပါတယ်။ မာလ်တီမီဒီယာ အကယ်ဒမီ သတင်းပညာသင်တန်း 1st batch ကို သင်တန်းသားဦးရေ ၁၉ ဦးနဲ့ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့ကနေ မေလ ၄ ရက်နေ့အထိ စာတွေ့ လက်တွေ့ ပေါင်းစပ်သင်ကြား ပို့ချသွားမှာ ဖြစ်ပါတယ်။
3 years Ago

February 7, 2018

မာလ်တီမီဒီယာအကယ်ဒမီ သတင်းပညာသင်တန်းအတွက် ဒီဗွီဘီနှင့် PEN မြန်မာတို့ MOU လက်မှတ်ထိုး

မာလ်တီမီဒီယာ အကယ်ဒမီ သတင်းပညာသင်တန်းအတွက် ဒီဗွီဘီနဲ့ PEN မြန်မာတို့ သင်တန်းခန်းမဆိုင်ရာ သဘောတူညီမှု MOU စာချုပ်ကို ဖေဖော်ဝါရီ ၇ ရက်မနက်က ရန်ကုန်မြို့ PEN မြန်မာရုံးခန်းမှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ လက်မှတ်ရေးထိုးပွဲကို PEN မြန်မာ ဥက္ကဋ္ဌ ဦးမျိုးမြင့်ငြိမ်း၊ အတွင်းရေးမှူး ဦးဟန်ဇော်၊ ပရိုဂရမ်မန်နေဂျာ ဦးလဆန်းနဲ့ ဒီဗွီဘီမီဒီယာမှ ရန်ကုန်ဗျူရို အကြီးအကဲ ဦးတိုးဇော်လတ်၊ သင်တန်းပရိုဂရမ်မန်ေနဂျာ ဒေါ်စကားဝါအောင်တို့  တက်ရောက်ခဲ့ပါတယ်။
3 years Ago
Up